DVB Logo
Home
မြန်မာသတင်း
အင်းတော်၌ အရပ်သား ၇ ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ချ
DVB
·
February 22, 2024
အင်းတော်၌ အရပ်သား ၇ ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ချ
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ် စွပ်စွဲချက်နဲ့ အရပ်သားပြည်သူ ၇ ဦးကို စစ်ခုံရုံးက ထောင်တသက် အပါအဝင် နှစ်ရှည် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကို ရိက္ခာ၊ ငွေကြေး ထောက်ပံ့တယ် စွပ်စွဲချက်နဲ့ အောင်မိုင် အောင်ကိုကိုလွင်နဲ့ ရာဇာထွန်း တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(ည)၊ ၅၂(က) ထောင်တသက် ချမှတ်ပြီး နောက်ထပ် ပြည်သူ ၄ ဦးကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ ဒေသခံက ပြောပါတယ်။

အင်းတော်ဒေသခံ အမျိုးသားတဦးက “ထောင်တသက် ချမှတ်ခံရတဲ့သူက ၃ ဦးရှိတယ်။ အင်းတော်က ကိုရာဇာထွန်း၊ နဘားက အောင်ကိုကိုလွင် တို့ကို KIA/PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ထောင်တသက်ချတယ်။ နောက် အောင်မိုင် ဆိုတဲ့ တယောက်ကိုလည်း ထောင်တသက်ချတယ်။ ကျန်တဲ့ လေးဦးကိုလည်း အလုပ်ကြမ်းနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချလိုက်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကိုအောင်မိုင်နဲ့အတူ တွဲဖက်ဖမ်းဆီးရသူ နိုင်နိုင်ကို အကြမ်းဖက်သမားတွေ ရှိကြောင်း သတင်းပေးပျက်ကွက်တယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်၊ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို လူသစ်စုဆောင်းပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စိုးပြည့်လျှံ၊ ထွန်းထွန်းနိုင် တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ဓားဦးချွန်တချောင်း ကိုင်ဆောင်ခဲ့သူ ညီညီလင်းထွဋ် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အင်းတော်မြို့မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်ကလည်း CDM ကျောင်းဆရာတယောက်အပါအဝင် ပြည်သူ သုံးယောက်ကို စစ်ကောင်စီက ထောင်ဒဏ် တသက် အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013