DVB Logo
Home
အားကစား
ဂရင်းဝုဒ်ကို ပြန်ခေါ်ရန် မန်ယူအသင်းတံခါးဖွင့်ထား
DVB
·
February 22, 2024
ဂရင်းဝုဒ်ကို ပြန်ခေါ်ရန် မန်ယူအသင်းတံခါးဖွင့်ထား
Donate to DVB

မန်ယူအသင်းဟာ ဂီတာဖေးအသင်းဆီ အငှားချထားတဲ့ တောင်ပံတိုက်စစ်မှူး ဂရင်းဝုဒ်ကို ပြန်ခေါ် ဖို့ တံခါးဖွင့်ထားတယ်လို့ သိရပါတယ်။ 

ဂရင်းဝုဒ်ဟာ လာလီဂါမှာ ခြေစွမ်းကောင်းပြသနေပြီး ထိပ်တန်း ကလပ်တွေကလည်း ခေါ်ယူမယ် လို့ သတင်းထွက်ပေါ်လာချိန်မှာ အသင်းရဲ့ တစိတ်တပိုင်း ပိုင်ရှင်သစ် ဆာဂျင်ရတ်ကလစ်ဖ်က ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိလာခဲ့တာပါ။ 

ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို အိမ်တွင်း အကြမ်းဖက်မှုလုပ်ဆောင်ခဲ့တာကြောင့် တရားရင်ဆိုင် ခဲ့ရပြီး မန်ယူအသင်းကလည်း လူစာရင်းကနေ ထုတ်ပယ်ခဲ့တာပါ။ 

နောက်ဆုံးမှာ အမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ပရိသတ်တွေနဲ့ အမျိုးသမီး အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်အရ ဂရင်းဝုဒ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပိုင်ရှင်သစ်ဖြစ်သူ ရတ်ကလစ်ဖ်ကတော့ ဂရင်းဝုဒ်ကို ပြန်ခေါ်လိုပေမဲ့ တဦးထဲက ဆုံးဖြတ်လို့ မရကြောင်း မှတ်ချက်ပေးထားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013