DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် ရိက္ခာပြန်သယ်သည့် လူငယ် ၄ ဦး ပျောက်ဆုံးနေပြီး မိသားစုဝင်များ စိုးရိမ်နေ
DVB
·
February 21, 2024
ဆီဆိုင်တွင် ရိက္ခာပြန်သယ်သည့် လူငယ် ၄ ဦး ပျောက်ဆုံးနေပြီး မိသားစုဝင်များ စိုးရိမ်နေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့ထဲကို ရိက္ခာပစ္စည်း ပြန်သယ်တဲ့ ဒေသခံ လူငယ်လေးယောက်  ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ လူငယ် ၃ ဦးဟာ တိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းကနေ စားနပ်ရိက္ခာတချို့နဲ့ စောင်၊ အဝတ်အစား ပြန်ယူမယ်ဆိုပြီး ပြန်သွားခဲ့ပြီးနောက် ၇ ရက်ကြာတဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အဆက်သွယ်မရ သတင်းအစအန မရသေးဘူးလို့ ပြောပါတယ်။

နီးစပ်သူတဦးက “ပြန်သွားကတည်းက ခုထိ ဘာသတင်းမှမရဘူး။ သတင်းအစအနလည်း မကြားဘူး။ လူငယ်တွေပဲဆိုတော့ အဖမ်းပဲခံရသလား၊ လက်နက်ကြီးထိ ဒဏ်ရာရပြီး တနေရာရာမှာ ရှိနေတာလား မသိဘူး။ မိသားစုဝင်တွေတော့ အရမ်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေမှာ အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပြီး ခွန်အောင်မြတ်ကျော်၊ ခွန်အောင်ပြည့်စုံ၊ ခွန်ဇာနည်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက်က ဆိုက်ခေါင်ကို ပြောင်းတင်ဖို့ ပြန်သွားတဲ့ ကိုဇော်မင်းဦးလည်း ပျောက်သွားပြီး မိသားစုဝင်နဲ့ အခုထိ အဆက်အသွယ် ပြန်မရဘူးလို့ ဆိုပါတယ်။

နီးစပ်သူတဦးက “ဆီဆိုင်မှာ အခု တိုက်ပွဲဖြစ်ပြီး ပျောက်ဆုံးတဲ့သူက များတယ်။ ခုက တိုက်ပွဲဖြစ်နေဆဲ အင်တာနက်လိုင်း၊ ဖုန်းလိုင်းလည်း မရသေးတော့ ဘယ်သူက ဘယ်မှာရှိတယ်ဆိုတာ မသိဘူး။ စိုးရိမ်ဆုံးက အဖမ်းခံရပြီး နှိပ်စက်ခံရမယ်၊ ဒဏ်ရာရပြီး တနေရာရာမှာ သောင်တင်နေမယ်၊ စစ်တပ်က ပြည်သူ့စစ် စုဆောင်းခံရမှာကို စိုးရိမ်ရတယ်။ ခုခေတ်က အမျိုးမျိုးတွေးရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ဆီဆိုင်မြို့ထဲ ပြောင်း၊ ရိက္ခာ ပြန်သယ်တဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အခု ဆီဆိုင်မြို့ထဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် နေအိမ်တွေပြန်ကြည့်တာ၊ ပစ္စည်းတွေပြန်သယ်တာ မပြုလုပ်ဖို့လည်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLA) က သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013