DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် တရားမဝင် ကျောက်မျက်ရောင်းဝယ်သည့် တရုတ်နိုင်ငံသား ၂ ဦး အပါ ၈ ဦး ဖမ်းမိ
DVB
·
February 21, 2024
စစ်ကိုင်းတွင် တရားမဝင် ကျောက်မျက်ရောင်းဝယ်သည့် တရုတ်နိုင်ငံသား ၂ ဦး အပါ ၈ ဦး ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က မြင့်မိုရ်ဟိုတယ်မှာ ကျောက်မျက်ရတနာတွေကို တရားမဝင် ရောင်းဝယ်နေ​တယ်ဆိုပြီး တရုတ်နိုင်ငံသား ၂ ဦး အပါအဝင် ၈ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊ ချင်းစုရပ်မှာရှိတဲ့ မြင့်မိုရ်ဟိုတယ်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာက တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ဟိုတယ်ဝန်ထမ်း ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့က သတင်းရထားလို့ ဟိုတယ်ထဲဝင်ရှာတာ၊ ကျောက်စိမ်းအချောထည်လာဝယ်တဲ့ တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်သားတွေဖြစ်တဲ့ LIU SHAYOUN ၅၂ နှစ်နဲ့ CHEN DAHAI ၄၈ နှစ်တို့အပြင် ကျောက်စိမ်းအချောထည် လာရောက်ရောင်းချတဲ့ အောင်ချစ်သန်း ၃၃ နှစ်၊ မျိုးကို ဆိုသူနဲ့ ဟိုတယ်တာဝန်ခံ ညီညီလွင် ၃၉ နှစ်၊ နောက် ဟိုတယ်ဝန်ထမ်း စိုးရွှေမောင် ၃၁ နှစ်၊ အောင်ကျော်သက် ၃၅ နှစ်၊ မင်းသော်ခန့် ၂၄ နှစ်တို့ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါ။”

တရားမဝင် ကျောက်စိမ်းအချောထည် လာရောက်ရောင်းချတဲ့ စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်နေသူတွေဖြစ်တဲ့ အောင်ချစ်သန်းနဲ့ မျိုးကိုတို့ နှစ်ဦးထံမှ ကျောက်စိမ်း အချောထည် ပစ္စည်းမျိုးစုံပါဝင်တဲ့ အထုပ်ပေါင်း ၁၈ ထုပ်၊ ချွမ်ပုတီး ၃ ကုံးပါ ၁ ထုပ်၊ ချွမ်ပုတီး ၆ ကုံးပါ ၁ ထုပ်၊ စုစုပေါင်း ၂ ထုပ်နဲ့ ဟိုတယ်က ဝယ်ယူစုဆောင်းထားတဲ့ ကျောက်ပုတီး ထည့်ထားတဲ့ ပီနံအိတ် စုစုပေါင်း ၄၃ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် ထွေ/အုပ်က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး ခွင့်ပြုချက်မရှိတဲ့ နေရာမှာ ကျောက်မျက်ရတနာတွေကို တရားမဝင် ရောင်းဝယ်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး မြို့နယ်ထွေ/အုပ်က တရားလိုပြုလုပ် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013