DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် တိုက်ခိုက်မှုများ အဆုံးသတ်ရန် ဝေလမင်းသား ဝီလျံ တိုက်တွန်း
DVB
·
February 21, 2024
ဂါဇာတွင် တိုက်ခိုက်မှုများ အဆုံးသတ်ရန် ဝေလမင်းသား ဝီလျံ တိုက်တွန်း
Donate to DVB

ဂါဇာကမ်းမြောင်မှာ တိုက်ခိုက်မှုတွေ ဖြစ်နိုင်သမျှ အစောဆုံး အဆုံးသတ်ကြဖို့ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံက တိုက်တွန်းလိုက်ပါတယ်။

ဒါဟာ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ ဗြိတိန်မှာ တော်ဝင်ဆက်ခံသူက အစ္စရေး-ဟားမတ်စ် ပဋိပက္ခမှာ ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ဝင်ရောက်ပြောဆိုမှု ဖြစ်ပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စကားလုံးကို သတိထား ရှောင်ရှားသွားပါတယ်။

“ဟားမတ်စ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုပြီးကတည်းက အရှေ့အလယ်ပိုင်းမှာ ဆိုးဆိုးရွားရွား လူအသေအပျောက်များတဲ့ ပဋိပက္ခကြီး ပေါ်ပေါက်လာရတယ်” လို့ ဝေလမင်းသားက ပြောပါတယ်။

“ဂါဇာအတွက် လူသားချင်းစာနာမှုတွေ တိုးပေးဖို့ အသည်းအသန် လိုအပ်နေပြီ” လို့လည်း ပြောသလို ဓားစာခံတွေ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

လန်ဒန်မြို့က ဗြိတိန်ကြက်ခြေနီအသင်းကို လာရောက်လည်ပတ်ချိန်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှေ့စံရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရကိုလည်း အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“လူတွေအများကြီး အသတ်ခံရပြီးပြီ” လို့ ဝေလမင်းသားက ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်က ကြက်ခြေနီအဖွဲ့သားတဦးနဲ့ ဗီဒီယိုချိတ်ဆက် စကားပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013