DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် ဒေသခံတဦးအား PDF ကို ထောက်ပံ့သည်ဆိုပြီး စစ်တပ်က ဖမ်းဆီး
DVB
·
February 20, 2024
သံဖြူဇရပ် ဒေသခံတဦးအား PDF ကို ထောက်ပံ့သည်ဆိုပြီး စစ်တပ်က ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ PDF ကို ထောက်ပို့ပြုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားတဦးကို ဖေဖော်ဝါရီ ၁၉ ရက်ညနေမှာ စစ်ကောင်စီတပ်က နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းမှာနေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် နန်းမြင့်ဦး (ခ) တရုတ် ဆိုသူကို စစ်ကောင်စီအဖွဲ့တွေက နေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးသွားတာလို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ကိုတရုတ်က အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထားတာကြာပါပြီ။ ပန်ဆယ်လိုနဲ့ PDF တွေကို ထောက်ပို့လုပ်နေတယ်ဆိုပြီး ဝင်ဖမ်းသွားတာ။ လွန်ခဲ့တဲ့ ၂ လလောက်ကလည်း သံဖြူဇရပ်မှာ PDF ကို ထောက်ပံ့တယ်ဆိုပြီး မနည်းဘူး ဖမ်းခံထိသွားတယ်။" 

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူမှာ ၂၀၂၂ ခု ဩဂုတ် တတိယအပတ်အတွင်း ငွေကျပ် ၈၀၀၀၀ ကို PDF အကြမ်းဖက်အဖွဲ့နဲ့ ၂၀၂၃ ခုနှစ် မေလမှာ ငွေကျပ် ၂၀၀၀၀ ကို ပန်ဆယ်လို တို့ကို ထောက်ပံ့ခဲ့သလို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးအပါတ်မှာလည်း M-16 ၁ လက်၊ ကျည် ၇၀၀ တောင့်တို့ကို မြဝတီမြို့ကတဆင့် ဝယ်ယူခဲ့ပြီး သံဖြူဇရပ် (ပ.က.ဖ) အဖွဲ့ဆီ ထောက်ပံ့ပေးခဲ့တယ်ဆိုပြီး စွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း သံဖြူဇရပ်မြို့က ဒေသခံ ၆၀ လောက်အား စစ်ကောင်စီက စစ်ကြောရေးစခန်းကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက ဒေသခံ ၅ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013