DVB Logo
Home
နိုင်ငံတကာ
တရုတ်ကိုလိုနီပြုမှုကြောင့် ဥရောပတွင် အလုပ်အကိုင် ၃ သိန်းကျော် ဆုံးရှုံးနိုင်ဟု သတိပေး
DVB
·
September 8, 2026
Photo: CCTV, CGTN
Photo: CCTV, CGTN
Donate to DVB

ဥရောပသမဂ္ဂ (EU) သာ တရုတ်ကုမ္ပဏီတွေရဲ့ ကိုလိုနီပြု ဝင်ရာက်လာမှုကို မတားဆီးဘူးဆိုရင် ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အလုပ်အကိုင်ဆုံးရှုံးမှုတွေ အလျှင်အမြန် ထပ်တိုးလာလိမ့်မယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ကြီးတခုက သတိပေးလိုက်ပါတယ်။

ဒါဟာ ၂၀၂၆ လက်ကျန်ကာလအတွင်း တရုတ်နိုင်ငံရဲ့ ယှဉ်ပြိုင်မှု တိုးချဲ့လာတာနဲ့အမျှ ဥရောပကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အလုပ်အကိုင်ပေါင်း ၃ သိန်းလောက်ကို ဆုံးရှုံးရနိုင်တယ်ဆိုပြီး Eurometal အဖွဲ့က ခန့်မှန်းထားတာပါ။

လောလောဆယ် ဥရောပနဲ့ ကုန်သွယ်ရာမှာလည်း တရုတ်က ကုန်သွယ်ရေးပိုငွေအဖြစ် တရက်ကို ယူရိုငွေ တစ်ဘီလီယံအထိ စံချိန်တင် ရရှိနေပြီး နှစ်စဉ် ယူရို ၃၆၀ ဘီလီယံလောက် ရှိပါတယ်။

Eurometal အဖွဲ့ဥက္ကဋ္ဌ အလက်ဇန်းဒါး ဂျူးလီးယက်စ် ကတော့ “တရုတ်ဟာ ကုန်ကြမ်းထောက်ပံ့သူသက်သက် မဖြစ်ချင်တော့ဘဲ ကုန်ချောအဆင့်အထိ ထုတ်လုပ်တင်ပို့ချင်တာပါ။ ထောက်ပံ့ရေးကွင်းဆက် တခုလုံးကို (Supply Chain) ထိန်းချုပ်နိုင်ပြီဆိုရင် ဒီကွင်းဆက်ရဲ့ တန်ဖိုးဖန်တီးတဲ့ အပိုင်းကိုပါ (Value Chain) ပိုင်ဆိုင်နိုင်မယ် ဆိုတာ သူတို့သိထားပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

ဒ့ါအပြင် ဥရောပရဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတဲ့ သတ္တုနဲ့ ဓာတုပစ္စည်းတွေ အပါအဝင် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို တရုတ်က တင်ပို့ပေးနေတာ ဖြစ်တဲ့အလျောက် ဘယ်လောက် သက်ရောက်မှု ကြီးသလဲဆိုတာ EU အနေနဲ့ သဘောပေါက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဥရောပဘက်က သတ္တုထုတ်လုပ်ရေး လုပ်ငန်းတွေဟာ သံမဏိထုတ်ကုန်တွေအပေါ် အခွန်စည်းကြပ်တာမျိုးနဲ့ ကာဗွန်ထုတ်လွှတ်မှုအရ အခွန်ကောက်ခံမှုတွေကို ရင်ဆိုင်နေတာကြောင့် ကုန်ကျစရိတ် ပိုပြီးများလာတယ်လို့ သိရပါတယ်။

တဖက်က တရုတ်နိုင်ငံမှာထုတ်လုပ်တဲ့ အစိတ်ပိုင်းပစ္စည်းတွေဆိုရင် အလားတူ အခွန်အခမျိုး ပေးဆောင်စရာ မလိုဘဲ ယွမ်ငွေတန်ဖိုး နည်းပါးမှုနဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့ သူတို့ကို ယှဉ်ပြိုင်ရတာ အတော်လေး ခက်ခဲစေတယ်ဆိုပြီး ဖော်ပြထားပါတယ်။

ကမ္ဘာနဲ့တဝန်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာ၊ စွမ်းအင်ကုန်ကျစရိတ်တွေ မြင့်တက်နေတာနဲ့အမျှ အလုပ်အကိုင်ပေါင်း ၁ သန်းကျော်အထိ ဆုံးရှုံးရနိုင်ခြေရှိကြောင်း ဥရောပကော်မရှင်က ပြီးခဲ့တဲ့ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။

တရုတ်ဘက်ကတော့ ဥရောပဟာ ကိုယ့်ပြည်တွင်းစီးပွားရေးကိုပဲ အကာအကွယ်ပေးလွန်းတယ် ဆိုပြီး စွပ်စွဲထားပါတယ်။

“တကယ်လို့သာ EU ဘက်က တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် ကုန်ပစ္စည်းတွေကို ဆက်ပြီး ပစ်မှတ်ထား အရေးယူနေမယ်ဆိုရင် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်” လို့လည်း ခြိမ်းခြောက်ထားပါတယ်။

နောက်ပိုင်းမှာတော့ ဥရောပနဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြီး မဖြစ်လာအောင် ရှောင်ရှားဖို့အတွက် ၃ လကြာ ကုန် သွယ်ရေးအရ တင်းမာမှုတွေ လျှော့ချဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အဲဒီသဘောတူညီချက်ဟာ အောက်တိုဘာလထဲမှာ သက်တမ်းကုန်ဆုံးဖို့  ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013