DVB Logo
Home
မြန်မာသတင်း
ဘားအံ အုန်းတပင်ရွာတွင် မီးပုံပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေ
DVB
·
February 20, 2024
ဘားအံ အုန်းတပင်ရွာတွင် မီးပုံပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အုန်းတပင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး မီးပုံပွဲလုပ်မယ်လို့ အကြောင်းပြချက်နဲ့ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီလောင်းကစားဝိုင်းတွေကို BGF ၊ တပ်နယ် ၂ ခွဲ အဖွဲ့ဝင် ဝင်းဇော်က ကန်ထရိုက်ယူထားကာ ဦးဆောင်ပြုလုပ်နေတာလို့လည်း သိရပါတယ်။

ဒေသခံတဦးက “ပွဲရက်က ပြာသိုလပြည့်နေ့ တရက်တည်း။ အခုက နောက်ထပ် ၅ ညကျန်သေးတယ်လို့ ပြောတယ်။ အရင်က အဲ့လောက်ရက်မရှည်ဘူး။ အခုက ရက်အရှည်ကြီး သူလုပ်နေတာ။ ဘားအံမြို့မှာရှိတဲ့ လောင်းကစားဝိုင်း တော်တော်များများကလည်း သူပဲ ကန်ထရိုက်ယူပြီးလုပ်တာ။ တခြားသူက မလုပ်ရဲဘူး။ သူက အဖွဲ့အစည်းထဲကဆိုတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်နေတာ” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေမှာ အန်ဂလုံဝိုင်းတွေ အဓိကပါဝင်ပြီး ငါးဂိမ်း၊ ဖဲဝိုင်း၊ အနီဒေါင်ကစားနည်း (ဂျင်ကစားနည်းတမျိုး) နဲ့ ခြောက်ကောင်ဂျင် စတာတွေ အဓိကပါဝင်တယ်လို့လည်း သိရပါတယ်။

ဒေသခံတဦးက “အန်ဂလုံဝိုင်းက ၃၀ ကျော်လောက်ရှိတယ်။ ဝိုင်းတဝိုင်းကို အကောက် ၄၇,၀၀၀ ပေးရတယ်လေ။ ညနေငါးနာရီလောက်ဆို စဖွင့်ပြီ။ မနက်ကျရင်တော့ ကစားတဲ့သူရှိရင် ရှိသလိုပဲ။ ခြောက်နာရီလောက်ထိ ဖွင့်တယ်။ ရွာခံတွေရော အနီးအနားက ရွာတွေကရော ဆိုတော့ လာကစားတဲ့သူလည်း များတယ်” လို့ ပြောပါတယ်။

ဘားအံခရိုင်ဟာ ကေအန်ယူ အပါအဝင် အဖွဲ့လေးဖွဲ့ပါဝင်တဲ့ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီက လောင်းကစားပြုလုပ်တာတွေကို တရားဝင် တားမြစ်ထားပြီး ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားတဲ့ နယ်မြေတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013