DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့တွင် စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းမိပြီး ၂ ဦး သေဆုံး
DVB
·
February 20, 2024
ဘုတလင်မြို့တွင် စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းမိပြီး ၂ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက်မှာ တိုက်မိုင်းမိပြီး စစ်သား ၂ ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်မိုင်းတွေကို ပြည်သူကာကွယ်ရေးဘက်က ကြိုတင်ပြင်ဆင် ထောင်ထားတာဖြစ်ပြီး မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းရှေ့ဆက်မထိုးဘဲ ဘုတလင်မြို့ထဲ ပြန်ဝင်သွားတယ်လို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ခါတိုင်းကတော့ တရွာဝင် တရွာထွက် လုပ်ပြီး မိုင်းရှင်းလင်းလုပ်တဲ့ အဖွဲ့ဗျ။ ဒီတစ်ခါတော့  အလစ်အငိုက်မိသွားတယ်လို့ ပြောရမှာပဲဗျ။ မိုင်းက ၃ လုံးပူး တိုက်မိုင်းမိသွားတာ။ သေတာ ၂ ယောက်၊ ဒဏ်ရာပြင်းထန် ၂ ယောက်နဲ့  ပေါက်ပြဲဒဏ်ရာရသူတွေ များတယ်လို့ ဖရဲသီးစီကနေ သိထားရတယ်။ သေတဲ့ အလောင်း ၂ လောင်းကတော့ ဘုတလင် ဘော်လုံးကွင်းထဲမှာထားပြီး နေ့ခင်း ၂ နာရီမှာ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့လည်းသိထားရတယ်။”

ဒေသခံရွာသားတဦးက “တိုက်မိုင်းမိတဲ့ နေရာက ကနီ-ကနဲ-ဘုတလင်ကားလမ်းဘေးက မင်းကျော်ခေါင် ပန့်ဆီဆိုင်နဲ့ ထန်းတောရွာကြားမှာ မိသွားတာ။‌ မိုင်းပေါက်ကွဲတာက ၅ နာရီ နီးပါးအချိန်က ပေါက်တာ။ အဲလို‌ပေါက်ကွဲပြီး ဒဏ်ရာရတဲ့သူတွေကို အထမ်းတွေနဲ့ ထမ်းသွားတာတွေလည်း မြင်လိုက်ရတယ်။ တွဲခေါ်တာတွေလည်း မြင်လိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း အခုလို စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းဝင် ရောက်မီးရှို့တာ တွေလည်း ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖေဖော်ဝါရီလအတွင်း ဘုတလင်မြို့နယ်အတွင်းက ကွမ်းခြံရွာ၊ မြို့ပေါ်ရွာ၊ ဇီးတောရွာတွေကို စစ်ကောင်စီတတပ်က မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013