DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားအလုပ်သင်ဆရာဝန် ထောင်ချီ သပိတ်မှောက်
DVB
·
February 20, 2024
တောင်ကိုရီးယားအလုပ်သင်ဆရာဝန် ထောင်ချီ သပိတ်မှောက်
Donate to DVB

အစိုးရရဲ့ ဆေးကျောင်းဝင်ခွင့် အရေအတွက် တိုးမြှင့်မယ့် အစီအစဉ်ကို မကျေနပ်ကြတဲ့ တောင်ကိုရီးယား အလုပ်သင်ဆရာဝန် ၁,၆၀၀ ကျော်ဟာ အဓိကဆေးရုံကြီးတွေမှာ တာဝန်ကနေ စွန့်ခွာ သပိတ်မှောက်မှုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့ကြပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ၂၀၂၅ ပညာသင်နှစ်မှာ ဆေးကျောင်းဝင်ခွင့်ကို နောက်ထပ် ၂,၀၀၀ တိုးမြှင့်ခေါ်ယူဖို့ ရှိနေပါတယ်။

လက်ရှိမှာ တနှစ်ကို ဆေးကျောင်းဝင်ခွင့် ၃,၀၀၀ လက်ခံရာကနေ ၅,၀၀၀ ဖြစ်သွားမှာဖြစ်ပြီး ၂၀၃၅ ကျရင် ၁၀,၀၀၀ အထိရှိလာဖို့ ရည်မှန်းထားပါတယ်။

ဆေးရုံကြီးတွေက ဆရာဝန်နဲ့ အလုပ်သင် ၁၃,၀၀၀ အနက် ဒီအစီအစဉ်ကို မကျေနပ်တဲ့ ၆,၄၀၀ က နုတ်ထွက်စာတင်ခဲ့ကြပြီး ၁၉ ရက်နေ့ ည ၁၁ နာရီကစလို့ တာဝန်ကို စွန့်ခွာ သပိတ်မှောက်ခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ခွဲစိတ်မှုနဲ့ ဆေးဝါးကုသမှုတွေ အဆင်မပြေဖြစ်နိုင်တာကြောင့် အလုပ်ဆက်လုပ်ကြဖို့ အစိုးရက မေတ္တာရပ်ခံပေမဲ့ စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟန်ဒက်ဆူးက ပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ဓားစာခံမလုပ်ဖို့ တောင်းပန်ခဲ့ပြီး ဆရာဝန်လိုအပ်ချက်ကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် အရေးပေါ်အစီအမံတွေ လုပ်ဆောင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဆိုးလ်ဧရိယာပြင်ပမှာ ဆရာဝန်ပြတ်လပ်မှုရှိတာကြောင့် ဒီလို ဆေးကျောင်းသား ပိုမိုခေါ်ယူမယ့် အစီအစဉ်ကို တောင်ကိုရီးယားသား ၇၆ ရာခိုင်နှုန်းက ထောက်ခံတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

တောင်ကိုရီးယားလူဦးရေ ၅၂ သန်းမှာ လူ ၁,၀၀၀ ကို ဆရာဝန် ၂ ဒသမ ၆ ဦးပဲ ရှိတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဆရာဝန်ပျမ်းမျှအချိုး ၁,၀၀၀ ကို ၃ ဒသမ ၇ ဦးထက် သိသိသာသာ နည်းပါးနေပါတယ်။

ဒါပေမဲ့ ဆရာဝန်တွေနဲ့ ဆေးကျောင်းသားအဖွဲ့တွေကတော့ ဆရာဝန်အရေအတွက် လုံလောက်မှုရှိပြီးသားဖြစ်ပြီး အရေအတွက် ထိုးတက်လာရင် မလိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပြီး အမျိုးသားကျန်းမာရေးအာမခံ အစီအစဉ်ရဲ့ ဘဏ္ဍာရေးအပေါ် ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရက မတိုင်ပင်ဘဲ ထင်ရာလုပ်တာဟာ ရှိပြီးဆရာဝန်တွေကိုပါ မကောင်းဆိုးဝါးတွေလို သရုပ်ဖော်ရာ ရောက်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

Source/Photo-REUTERS FILE PIC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013