DVB Logo
Home
မြန်မာသတင်း
ထိုင်းဗီဇာ  အွန်လိုင်း တိုကင်စနစ် ကျင့်သုံး
DVB
·
February 20, 2024
ထိုင်းဗီဇာ  အွန်လိုင်း တိုကင်စနစ် ကျင့်သုံး
Donate to DVB

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှု များပြား လာနေတာကြောင့် ဗီဇာလျှောက်ထားဖို့အတွက် အွန်လိုင်းတိုကင်စနစ်နဲ့ပါ ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဗီဇာရက်ချိန်းကိုတော့ ဖေဖော်ဝါရီ ၂၂ ရက်ကစလို့ အွန်လိုင်းကနေ www.thaiconsularyangon.com/visa/ လင့်ခ်ကတဆင့် တရက်ကို တိုကင်နံပါတ် ၂၀၀ နှုန်းနဲ့ ရက် ၃၀ ကြိုတင်ပြီးတော့ ရက်ချိန်းရယူနိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းဗီဇာရက်ချိန်းရထားသူတွေအနေနဲ့ အီးမေးလ်နဲ့ ဗီဇာရက်ချိန်းရရှိထားတဲ့ပုံ၊ ဒါမှမဟုတ် အီးမေးလ်က ပို့ပေးတဲ့ ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်မယ့်ရက်မှာ ယူဆောင်လာရမယ်လို့  ဆိုပါတယ်။

အရင်ကအတိုင်း သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းရယူမှုကိုတော့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီမှာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေအတွက် တရက်ကို တိုကင်နံပါတ် ၂၀၀ နှုန်းနဲ့ ပေးဝေပေးမယ်လို့ ထိုင်းသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တာဝန်ရှိသူတွေက ပတ်စပို့နဲ့ သေချာစစ်ဆေးပြီး မှန်ကန်မှ ကာယကံရှင်ကိုယ်တိုင် မိမိတို့ ကင်ပြားကို ထုတ်ရမှာဖြစ်ကြောင်း၊ တိုကင်ပြားကို အလွဲသုံးစားလုပ်တာ၊ အတုအပ လုပ်တာကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်မှာဖြစ်ပြီး အမည်ပျက်စာရင်းထဲသွင်းမယ်လို့ ဆိုပါတယ်။

ထိုင်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုကို အွန်လိုင်းတခုတည်းသာ လျှောက်ထားနိုင်မယ့် စနစ်သတ်မှတ်နိုင်ချေ ရှိမရှိကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ သံရုံးရှေ့ လူကိုယ်တိုင် ဗီဇာရက်ချိန်းရယူတဲ့ ပမာဏကို ရေတွက်ပြီးမှသာ အမြန်ဆုံးအကြောင်းကြားပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး အဓမ္မ စစ်သားစုဆောင်းနေတာကြောင့်  လူငယ်လူရွယ်တွေဟာ  နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေနဲ့ ပြည်ပ လေယာဉ် ခရီးစဉ် ကြိုတင် ဘိုကင်လုပ်သူတွေလည်း ပိုလို့ တိုးများလာနေပါတယ်။ 

ဒါ့အပြင် အခုရက်ပိုင်းမှာတင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ထဲက ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ အလုအယက် တန်းစီသူတွေထဲ လူအုပ်ပိပြီး မန္တလေး မြို့ခံ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013