DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၂၁ မြို့က စစ်မှုထမ်းဥပဒေ ထောက်ခံပွဲပါသူများစာရင်း စစ်တပ်ကို ပေးပို့ရ
DVB
·
February 19, 2024
မြို့နယ် ၂၁ မြို့က စစ်မှုထမ်းဥပဒေ ထောက်ခံပွဲပါသူများစာရင်း စစ်တပ်ကို ပေးပို့ရ
Donate to DVB

စစ်မှုထမ်းဥပဒေထောက်ခံပွဲပြုလုပ်ခဲ့တဲ့ မြို့နယ် ၂၁ မြို့နယ်က တပ်ထောက်ခံသူများစာရင်းကို  ကောက်ယူထားဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ ထွေအုပ်အသိုက်အဝန်းက သိရပါတယ်။

တောင်ငူမြို့နယ် မိုင်ဒါကွင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်မနက်က စစ်မှုထမ်းဥပဒေထောက်ခံပွဲ လာရောက်သူစာရင်းကို  ရဲတပ်ဖွဲ့နဲ့ ထွေအုပ်က စာရင်းကောက်ယူခဲ့တာလို့ ထောက်ခံပွဲမှာပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒီပွဲကို အမျိုးသားရေးသမားတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းပြီးတော့ လုပ်တာ။ ပွဲပြီးတော့ နာမည်၊ နေရပ်လိပ်စာ လာတောင်းတယ်။ ဘာလို့လဲမေးတော့ ဌာနကကောက်ခိုင်းတယ်ပြောတယ်။ ကျနော်တို့က တပ်ကို ထောက်ခံတာပဲရှိတယ်၊ စစ်ထဲမဝင်ချင်ကြဘူး" လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနက်က   ပြည်မြို့ ကမ်းနားလမ်း ခေတ္တရာညဈေးကွင်းပြင်မှာ ပြုလုပ်တဲ့ စစ်မှုထမ်းဥပဒေထောက်ခံပွဲမှာလည်း ရဲတွေက ထောက်ခံပွဲလာတဲ့သူတွေကို ကိုယ်ရေးအချက်အလက် တောင်းယူခဲ့တာတွေရှိတယ်လို့ မြိုခံတဦးက ပြောပါတယ်။

"ကျနော်တို့က ထောက်ခံပွဲကို အင်အားလာဖြည့်တာ၊ ဒီလိုစာရင်းကောက်တော့ တကယ်စစ်မှုထမ်းရမယ်ဆို ကိုယ်တွေက အရင်ထမ်းဆောင်ရမဲ့ ပုံစံဖြစ်နေတယ်။ ဥပဒေအတိုင်း အလှည့်ကျသွားရင်တော့ ကောင်းတာပေါ့။ တပ်ကိုထောက်ခံတိုင်း တပ်ထဲဝင်ချင်လို့မှမဟုတ်တာ။" 

ဖေဖော်ဝါရီ ၁၈ ရက်က ပြည်မြို့၊ တနိုင်းမြို့၊ ဗန်းမော်မြို့နဲ့ မြိတ်မြို့တို့မှာ စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်ရာ ပြည်မြိုကို့ စာရင်းကောက်ပြီး အခြားမြို့နယ်တွေ ကောက်ယူတာမရှိဘူးလို့လည်း သူကပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်ထောက်ခံသူများစာရင်း ဖေဖော်ဝါရီ ၁၄ ရက်မှာ ကောက်ယူခိုင်းခဲ့တာလို့ ပြည်ထဲရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"တပ်ထောက်ခံသူတွေကို စာရင်းပြုစုခိုင်းတာ စံပြအနေနဲ့ စစ်မှုထမ်းခိုင်းဖို့ ရည်ရွယ်တာ။ သူတို့က တကယ်တပ်မတော်ကို ချစ်တဲ့သူတွေဆိုတော့ အခြားသူတွေထက် ပိုပြီး တပ်ရဲ့အခက်အခဲကို နားလည်တာကြောင့် စာရင်းကောက်တာ။ မြို့နယ်အတော်များများ စာရင်းကောက်ပြီးပြီ။"

စစ်မှုထမ်းဥပဒေထောက်ခံပွဲကို မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မကွေး၊ မိတ္တှီလာ၊ ကျောက်တံတား၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သန်လျင်၊ မင်္ဂလာဒုံ၊ တွံတေး၊ ပုသိမ်၊ ပဲခူး၊ မြစ်ကြီးနား၊ မိုးညှင်း၊ ​တောင်သာ၊ တနိုင်း၊ မြိတ်၊ ဗန်းမော်၊ ပြည်နဲ့ တောင်ငူမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013