DVB Logo
Home
နိုင်ငံတကာ
အော်ရီဂွန်ပြည်နယ်၌ မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ် ပြန်လည်ပြဋ္ဌာန်းရန် ပြင်ဆင်
DVB
·
February 19, 2024
အော်ရီဂွန်ပြည်နယ်၌ မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ် ပြန်လည်ပြဋ္ဌာန်းရန် ပြင်ဆင်
Donate to DVB

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပို့ထ်လန်းမြို့က မြို့လယ်လမ်းမတွေပေါ်က စတိုးဆိုင်တွေ၊ ခေတ်မီစားသောက်ဆိုင်တွေ၊ ဟိုတယ်တွေရှေ့မှာ၊ လမ်းဘေး၊ လမ်းထောင့်တွေနဲ့ ခုံတန်းတွေပေါ်မှာ မူးယစ်ဆေးသုံးနေတဲ့လူတွေကို မြင်တွေ့နေရပါတယ်။

လူတချို့က စောင်တွေကို ခေါင်းပေါ်မှာအုပ်ထားပြီး တချို့က ကွန်ကရစ်အတားအဆီးတွေ နောက်မှာ နေရင်း ဆေးသုံးနေကြတာ ဖြစ်ပေမဲ့ တခြားသူတွေက ဖုံးကွယ်ဖို့ မကြိုးစားကြပါဘူး။

“ခင်ဗျား အကြောက်လွန်နေစရာ မလိုတော့ဘူး၊ ရဲတွေအတွက် စိတ်ပူနေစရာ မလိုတော့ဘူး” လို့ အော်ရီဂွန်ရဲ့ လူဦးရေအများဆုံး မြို့လမ်းမတွေပေါ်မှာနေတဲ့ အသက် ၆၁ နှစ်အရွယ် မူးယစ်ဆေးစွဲသူ ဂျွန်ဟော့ဒ်က ပြောပါတယ်။

ဟော့ဒ်ဟာ ကားမှတ်တိုင်ဟောင်းကနေ ဖြစ်လာတဲ့ အိုးမဲ့အိမ်မဲ့တွေရဲ့ ခိုလှုံရာနေရာ အပြင်ဘက်မှာ ဖန်တနဲလ်နဲ့ စိတ်ကြွဆေးပြားတွေကို သုံးခဲ့တဲ့နေရာ တဖက်ခြမ်းက ပို့တ်လန်းမြို့လယ်ထောင့်ကနေ ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။

“စီးကရက်သောက်ရတာနဲ့တူတယ်။ အခုလည်း ပြန်နှိမ်နင်းနေကြပြီ။ သူတို့က တရားမဝင် ဖြစ်အောင် လုပ်ချင်တာ” လို့ ဟော့ဒ်က ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ အိုရီဂွန်ပြည်နယ်သားတွေဟာ တရားမဝင် ဆေးဝါးနည်းနည်း လက်ဝယ်ထားရှိမှုကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်မယ့် နိုင်ငံအတွင်း အလွတ်လပ်ဆုံး မူးယစ်ဆေးဝါးဥပဒေကို ဖန်တီးပေးတဲ့ မဲစနစ်တရပ်ကို အတည်ပြုခဲ့ပါတယ်။

ခုတော့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးလို့ သေဆုံးသူ အရေအတွက် မြင့်တက်နေတဲ့ကြားက အများပြည်သူရဲ့ ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် မူးယစ်ဆေးသုံးတာကို ရာဇဝတ်မှု ကျူးလွန်တာအဖြစ် ပြန်သတ်မှတ်မယ့် ဥပဒေကို မဲပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်နေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013