DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားသို့ ယခုနှစ် မြန်မာလုပ်သား ၁၁,၀၀၀ ခန့် စေလွှတ်မည်
DVB
·
February 19, 2024
တောင်ကိုရီးယားသို့ ယခုနှစ် မြန်မာလုပ်သား ၁၁,၀၀၀ ခန့် စေလွှတ်မည်
Donate to DVB

တောင်ကိုရီးယားနိုင်ငံဆီကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ  (Employment Permit System-EPS) စနစ်နဲ့ လုပ်သား အယောက် ၁၁,၀၀၀ နီးပါးစေလွှတ်သွားမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုလုပ်ဆောင်ရတဲ့ EPS စနစ်နဲ့ အလုပ်သမားတွေ ပို့ဆောင်နေတာဖြစ်ပြီး ဒီနှစ်ထဲမှာ အရေအတွက် တိုးမြှင့်ပို့ဆောင်နိုင်မယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေအတွက်  EPS လုပ်သား ၁၀၆၁၁ ဦး စေလွှတ်နိုင်ခဲ့ပြီး  ဒီနှစ်မှာ အယောက် ၁၁၀၀၀  လောက် စေလွှတ်ဖို့ လုပ်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိစေရန်ဖို့ လုပ်သားတွေ ပိုမိုစေလွှတ်နိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

လက်ရှိ တောင်ကိုရီးယားကို မြန်မာလုပ်သား စေလွှတ်တဲ့နှုန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်ကထက် ခွဲတမ်းတိုးမြှင့်ရရှိလာတာဖြစ်တယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုရီးယားဘာသာ သင်တန်းနည်းပြတဦးက “အရင်ကတော့ မြန်မာလုပ်သားခွဲတမ်းက ၅၀၀၀နဲ့ ၇၀၀၀ ကြားပဲ ရှိတာ။ အခုနောက်ပိုင်းမှာ ခေါ်ယူမှုက တိုးလာတယ်။ အလုပ်သမားတွေအတွက် အခွင့်အလမ်းပိုများတာပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်ထဲမှာ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) ကျင်းပသွားဖို့ ရှိနေပြီး အဲဒီစာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအသစ်တခု ထပ်တိုးပါလာကာ အဲဒီလုပ်ငန်းအတွက် အမျိုးသမီးတွေလည်း ဝင်ရောက်ဖြေဆိုခွင့်ရထားပါတယ်။

ဒါကြောင့် ဒီနှစ်မှာ ပြုလုပ်မယ့် စာမေးပွဲအပေါ် အလုပ်သမားတွေ စိတ်ဝင်စားမှုမြင့်တက်နေပြီး ဝင်ရောက်ဖြေဆိုမယ့်သူ များနိုင်တယ်လို့  အလုပ်သမားတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိ တောင်ကိုရီးယားမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၇၀၀၀၀ ကျော်ရောက်ရှိ လုပ်ကိုင် နေထိုင်နေသလို လစဥ် လုပ်သားထောင်ချီ ဆက်လက်ထွက်ခွာနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

လတ်တလော စစ်ကောင်စီက အသက်ဝင်ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တောင်ကိုရီးယား အပါအဝင် ပြည်နိုင်ငံတွေကို ထွက်ခွာသွားလိုသူတွေ များပြားနေပြီး ပြည်ပအလုပ်အကိုင် ပွဲစားတွေရဲ့ ငွေလိမ်လည်မှုတွေနဲ့ EPS လက်မှတ် အတုလုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013