DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲ မြန်မြန်ကျင်းပရန် ဆီနီဂေါတွင် တောင်းဆိုဆန္ဒပြ
DVB
·
February 18, 2024
ရွေးကောက်ပွဲ မြန်မြန်ကျင်းပရန် ဆီနီဂေါတွင် တောင်းဆိုဆန္ဒပြ
Donate to DVB

ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ ဆီနီဂေါနိုင်ငံ မြို့တော်ဒါကာမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ချီတက်ဆန္ဒပြပြီး သမ္မတရွေးကောက်ပွဲ မြန်မြန်ကျင်းပပေးဖို့တောင်းဆိုခဲ့ပါတယ်။ 

သမ္မတနဲ့ လွှတ်တော်က ရွေးကောက်ပွဲရွှေ့ဖို့ကြိုးစားတဲ့အစီအစဉ် ပျက်ပြယ်သွားပြီးတဲ့နောက် ရွေးကောက်ပွဲ ရက်မြန်မြန်သတ်မှတ်ပြီး အချိန်မဆိုင်းဘဲ ကျင်းပပေးဖို့ ချီတက်တောင်းဆိုကြတာ ဖြစ်ပါတယ်။ 

မူလက ဖေဖော်ဝါရီ ၂၅ မှာ ကျင်းပရမဲ့ ရွေးကောက်ပွဲကို အနားနီးကာမှ ရုတ်တရက် ရွှေ့ဆိုင်းဖို့ သမ္မတ မက်ကီဆဲလ်က အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီး သူ့ပါတီဝင်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကလည်း ဥပဒေတရပ် အတည်ပြုပေးခဲ့ပါတယ်။ 

မူလက ရွေးကောက်ပွဲကို ၆ လရွှေ့မယ်လုပ်ထားပြီး နေက်ဆုံးကျမှ ၁၀ လအထိရွှေ့မယ်လို့ ထပ်ပြင်လိုက်ပြီး ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၅ ရက်မှ ကျင်းပမယ်လို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒီကိစ္စကြောင့် လွှတ်တော်ထဲမှာ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး အတိုက်အခံအမတ်တွေကို ရဲနဲ့ ဆွဲထုတ်တာတွေပါ ရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ဖွဲ့စည်းပုံဆိုင်ရာကောင်စီက ဆဲလ်ရဲ့ အမိန့်ဒီကရီနဲ့ လွှတ်တော်က ပြဋ္ဌာန်းတဲ့ အငြင်းပွားစရာဥပဒေဟာ အခြေခံဥပဒေနဲ့ မညီလို့ ပျက်ပြယ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဘယ်နေ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မသတ်မှတ်ရသေးပေမဲ့ ဆဲလ်ဟာ ရာထူးသက်တမ်း ကုန်ဆုံးတဲ့ ဧပြီ ၂ ရက်နေ့ထက်ပိုပြီး သမ္မတနေရာ ဆက်ယူခွင့်မရှိဘူးလို့ ဖွဲ့စည်းပုံဆိုင်ရာကောင်စီက ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013