DVB Logo
Home
နိုင်ငံတကာ
ဆစ်ဒနီရှိ ကျောင်းများတွင် ကျောက်ဂွမ်း ညစ်ညမ်းမှုဖြစ်နေ
DVB
·
February 18, 2024
ဆစ်ဒနီရှိ ကျောင်းများတွင် ကျောက်ဂွမ်း ညစ်ညမ်းမှုဖြစ်နေ
Donate to DVB

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ ကျောက်ဂွမ်း (Asbestos) ညစ်ညမ်းမှုဟာ ပိုမိုကျယ်ပြန့်လာနေပြီး နောက်ထပ် ကျောင်းတွေမှာပါ တွေ့လာရတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံတွေ၊ ဥယျာဉ်တွေမှာ အပင်အခေါက်တွေ၊ ရွက်ခြောက်တွေ၊ မြက်ခြောက်တွေနဲ့လုပ်ထားတဲ့ မြေဖုံးပစ္စည်း (mulch) တွေထဲမှာ အဆုတ်ရောင်စေတဲ့၊ ကင်ဆာဖြစ်စေတဲ့ ကျောက်ဂွမ်းတွေ့ရှိမှုကြောင့် ဖယ်ရှားမှုတွေ လုပ်နေတာ ရက်သတ္တပတ်နဲ့ချီ ကြာမြင့်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက နယူးဆောက်ဝေးလ်စ်ပြည်နယ် မြို့တော်ဆစ်ဒနီက ကစားကွင်းတစ်ခုမှာ ကျောက်ဂွမ်းတွေ့တာကစလို့ စစ်ဆေးမှုတွေ ဆက်လုပ်ခဲ့ရာမှာ ကျောင်းတွေက ကစားကွင်းတွေ၊ ပန်းခြံတွေအပြင် ဆောက်လုပ်ဆဲ အဆောက်အအုံတွေ၊ ကုန်လှောင်ရုံနဲ့ ဆေးရုံတခုရဲ့ မြေအောက်လမ်းမှာပါ ထပ်တွေ့တာ ဖြစ်ပါတယ်။ 

ကျောက်ဂွမ်းကို ၁၉ ရာစုနှောင်းပိုင်းမှာ ဘိလပ်မြေ ပိုခိုင်မာအောင်နဲ့ မီးဒဏ်ကာကွယ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ကျောက်ဂွမ်းမျှင် ရှူရှိုက်မှုဟာ အဆုတ်ရောင်ရမ်းမှုကနေ ကင်ဆာအထိ ဖြစ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ 

အခုအခါမှာတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကျောက်ဂွမ်းကို ပိတ်ပင်ထားပြီ ဖြစ်ပါတယ်။ ကျောက်ဂွမ်းညစ်ညမ်းမှုဟာ မြေဖုံးပစ္စည်းထုတ်လုပ်ဖြန့်ချိမှုရဲ့ ဘယ်အဆင့်မှာ ဖြစ်ခဲ့တာလည်းဆိုတာ စုံစမ်းဆဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကျောက်ဂွမ်း ပါဝင်နေတဲ့ မြေဖုံးပစ္စည်းတွေဟာ ပန်းခြံဥယျာဉ် ခင်းကျင်းမှု လုပ်ငန်းသုံးပစ္စည်းတွထုတ်တဲ့ Greenlife Resource Recovery Facility က ထုတ်တာ ဆိုတာကိုတော့ တွေ့ရှိထားပါတယ်။ 

ကုမ္ပဏီဘက်ကတော့ သူတို့ဆီက ထုတ်လိုက်တဲ့အချိန်အထိ ကျောက်ဂွမ်းမပါဘူးလို့ ငြင်းထားပါတယ်။

Source/Photo-REUTERS/Loren Elliott

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013