DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကရင်နီစစ်ရှောင်များ စားဝတ်နေရေး ခက်ခဲနေ
DVB
·
February 18, 2024
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကရင်နီစစ်ရှောင်များ စားဝတ်နေရေး ခက်ခဲနေ
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတချို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် စစ်ရှောင်တွေ စားဝတ်နေရေးကျပ်တည်းနေပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့် အမည်ဖော်ပြလို့မရသေးတဲ့ အဲဒီစစ်ဘေးရှောင် စခန်းတခုမှာ ဒီးမော့ဆို အနောက်ခြမ်းနဲ့ ဖရူဆိုမြို့က ဒေသခံတွေဟာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက စစ်ရှောင်နေကြရတာဖြစ်ပြီး တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်ပြန်ဝင်လို့မရသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “အရင်ကတော့ နည်းနည်းချောင်လည်တယ်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပေမဲ့ အလှူရှင်တွေလာကြတယ်။ ဒေသခံ အကြီးအကဲတွေက တောင်ယာတနိုင်တပိုင် ခုတ်ခွင့်ပေးတယ်။ ၂ဝ၂၃ လောက်ကစပြီး အလှူရှင်လည်း မလာတာကြာပြီ။ နောက်ပြီး တောင်ယာတွေကိုလည်း စက်မငှားနိုင်တော့ အရင်လို ထင်သလောက် မထွက်တော့ဘူး။ တခါတခါဆို စပါးတင်း ၃ဝ ရင်းတာတောင် ၁ဝ တင်းလောက်ပဲ ပြန်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစခန်းဟာ အနီးဆုံး ဖရူဆိုမြို့နဲ့ တောင်တွေကို ဖြတ်ကျော်သွားရပြီး ခရီးလမ်း ကြမ်းတမ်းတာကြောင့် အလှူရှင်တွေလည်း မလာရောက်ကြတော့ဘူးလို့ သိရပါတယ်။

အိမ်ခြေ ၃ဝဝ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ရှောင်စခန်းက ပြည်သူတွေဟာ စပါး၊ ပြောင်း၊ မြေပဲတို့ကို အဓိက စိုက်ပျိုးလုပ်ကိုင်နေပြီး နေရပ်ပြန်ဖို့ကလည်း မိုင်းအန္တရာယ်ကြောင့် ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြန်ခွင့်မပြုသေးတဲ့အပြင် တခြား လုပ်ကိုင် စားသောက်စရာလည်း မရှိတာကြောင့် အလှူရှင်တွေကို မျှော်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေးစတင်ပြီးကတည်းက ဖရူဆိုမြို့နယ်အပါအဝင် ကရင်နီ တပြည်နယ်လုံးကို စစ်ကောင်စီက အင်တာနက်ဖုန်းလိုင်း ဖြတ်တောက်ထားပြီး လက်ရှိအချိန်အထိ ဒေသခံပြည်သူ ၂ သိန်းကျော်ဟာ နေရပ်ပြန်လို့မရသေးဘဲ စစ်ရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013