Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်
DVB
·
February 18, 2024
Exiled former PM Thaksin returns to Thailand

ထိုင်းဝန်ကြီးချုပ်​ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေ လွတ်လာတဲ့ မနက်မှာပဲ ဘန်ကောက်မြို့တော်က သူ့မိသားစုရဲ့ အိမ်ကို ပြန်ရောက်လာပြီလို့ သူ့ရှေ့နေက ပြောပါတယ်။

အိမ်ဝင်းတံခါးမှာ ဩဇာကြီးတဲ့ သူကြွယ်ကြီး အိမ်ပြန်ရောက်တာကြိုဆိုကြောင်း လက်ရေးနဲ့ ရေးထားတဲ့ နဖူးစည်း စာတမ်းကို ချိတ်ဆွဲထားပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်က သူ့အငယ်ဆုံးသမီးဖြစ်သူ လက်ရှိအာဏာရ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ဖယ်ထွန်ထန် ရှင်နာဝပ်နဲ့အတူ အနက်ရောင် မာစီဒီး ဗန်ကားစီးရင်း ဆေးရုံက ထွက်လာတာကို ရိုက်တာ သတင်းထောက်တွေက တွေ့ခဲ့ကြပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၁၆ နှစ်နီးပါးက အာဏာသိမ်းမှုကြောင့် တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရအပြီး ထိုင်းမြေပေါ်မှာ သက်ဆင် ပထမဆုံး ခံစားရတဲ့ လွတ်လပ်ခြင်း ဖြစ်ပါတယ်။

သက်ဆင်ဟာ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေနဲ့ ကျန်းမာရေးကြောင့် ဆေးရုံမှာ ထိန်းသိမ်းခံထားရအပြီး သူ ကျခံပြီးတဲ့ ထောင်သက်တို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အကျုံးဝင်ခဲ့တာလို့ ရိုက်တာက ပြောပါတယ်။

Source/Photo-REUTERS/Athit Perawongmetha

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024