DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် လျှပ်စစ်မီတာခ ရက်လွန်ကြေး ပိုတောင်းနေ 
DVB
·
February 18, 2024
မအူပင်တွင် လျှပ်စစ်မီတာခ ရက်လွန်ကြေး ပိုတောင်းနေ 
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာမှာ ရက်လွန်ဒဏ်ကြေးအဖြစ် အရင်ကထက် ငွေကျပ် ၇၅၀၀ အထိ ပိုမိုတိုးမြှင့်တောင်းခံနေလို့ ပေးနေရတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ 

အရင်က အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်တဲ့အခါ သတ်မှတ်ရက်ထက် ကျော်လွန်တဲ့ မီတာ ဖြတ်ပိုင်းတွေကို ရက်လွန် ဒဏ်ကြေးအဖြစ် ငွေကျပ် ၁၅၀၀ သာ တောင်းခံတာရှိခဲ့ပြီး ယခုအခါ ငွေကျပ် ၇၅၀၀ အထိ ပိုမိုတိုးမြှင့်တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မအူပင်မြို့ခံ တယောက်က “အမျိုးမျိုးကို လုပ်နေတာပဲ။ အရင်တုန်းက မီတာခပေးဖို့ ရက်ကျော်သွားရင် ဒဏ်ကြေးဆိုပြီး ၁၅၀၀ တောင်းတယ်။ အခုကျတော့ ရက်လွန်ကြေး ဒဏ်ကြေးဆိုပြီး ၉၀၀၀ ဖြစ်သွားတယ်။ ပုံစံအမျိုးမျိုး လုပ်ပြီးနှိပ်စက်နေတာ။ ပုံမှန် ဓာတ်အားခကို ပေးဖို့တောင် မနည်းလုပ်နေရတာ။ အခုလို ပုံစံအမျိုးမျိုး လုပ်တောင်းနေတော့ တော်တော်ကို ခက်ခက်ခဲခဲ ဖြစ်နေတယ်။ ဒီကာလမှာ ခက်ခဲတာ သိရက်နဲ့။ ပြည်သူ့မျက်နှာကို လုံးဝမကြည့်ဘူ” လို့ ပြောပါတယ်။ 

ဒေသခံ လျပ်စစ်မီးသုံးစွဲသူတွေဆီ မီတာခ ရက်လွန်ကြေး တောင်းခံရာမှာ လျှပ်စစ်ဝန်ထမ်းတွေအပြင် စစ်တပ်နဲ့ ရဲတွေပါ လိုက်ပါလာတာဖြစ်ပြီး သတ်မှတ်ရက်လွန်ကြေးကို မပေးရင် လူကို ဖမ်းဆီးထောင်ချလို့ရတယ်လို့ ပြောဆို ခြိမ်းခြောက် တောင်းယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

မအူပင်မြို့ခံ အမျိုးသမီးတဦးက '”အဆမတန် တိုးတောင်းနေ တစ်ခါမှလည်း ဒီလောက်အထိ မပေးခဲ့ရပါဘူး။ သူတို့လက်ထက်ကျမှပဲ ပေးနေရတာ။ ဘယ်သူ သေသေ ငတေမာပြီးရော ဆိုတဲ့ သဘောလုပ်နေတာ။ တရက်လေးမှ စိတ်ထဲ အဆင်မပြေဘူး။ ခြိမ်းခြောက်ချက်ကလည်း စကစနဲ့ သူ့လက်အောက်ခံတွေက ဓားပြနဲ့ ချက်တီးတောင် သူတို့ကို မမီတော့ဘူး” လို့ ပြောပါတယ်။ 

ရက်လွန်ကြေးကို အခုလို အဆမတန် တောင်းယူနေတာနဲ့ ပတ်သက်လို့ ဒေသခံတွေ အခက်အခဲ ဖြစ်နေတဲ့အပြင် တချို့ဒေသခံတွေဟာ နိုင်ငံတော်ကပေးတဲ့ လျှပ်စစ်မီး မသုံးနိုင်တော့တဲ့ အခြေအနေအထိ ဖြစ်လာတယ် ဆိုပါတယ်။ 

ဒါ့အပြင် လျှပ်စစ်မီး မသုံးတဲ့ အိမ်တွေကို မီတာခ လိုက်လံကောက်ယူတဲ့အခါ စစ်တပ်နဲ့ ရဲတွေက  မီးမသုံးတာက နိုင်ငံတော်ကို ဆန့်ကျင်တာလားဆိုပြီး ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013