DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ခလရ ၆၁ ဒရုန်းဖြင့် ဗုံးကြဲခံရ
DVB
·
February 17, 2024
ရေးမြို့နယ် ခလရ ၆၁ ဒရုန်းဖြင့် ဗုံးကြဲခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ခလရ (၆၁) တပ်ရင်းအား ရေးပြောက်ကျားတပ် (ဒေါနတပ်ခွဲ-၃) က ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁၀ နာရီခွဲလောက်မှာ Fixed Wings ဒရုန်းအမျိုးအစားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအား စုံစမ်းဆဲဖြစ်သလို ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ ခလရ ၆၁ တပ်က လက်နက်ကြီး ၂ လုံး ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်ပူးပေါင်းတပ်ဘက်က ထိခိုက်မှုတော့ မရှိဘူးလို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ရေးပြောက်ကျားတပ် (ဒေါနတပ်ခွဲ-၃) နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက စကစအင်အား ၆၀ ခန့်ရှိ ရေးတံတားကြီးအနီး၊ အိုင်ပုတ်ဘုန်းကြီးကျောင်း အနီးတဝိုက်ကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လူနာတင်ယာဥ်နှစ်စီးနဲ့ လာရောက်သယ်ထုတ်သွားတယ်လို့ မဟာမိတ်ပူပေါင်းအဖွဲ့တွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စု အဆုံးသတ်ရေးအတွက် စစ်ရေးအရှိန်အဟုန်မြှင့်ကာ တော်လှန်တိုက်ခိုက်သွားမယ်လို့ မဟာမိတ်ပူပေါင်းအဖွဲ့တွေက ပြောကြားထားပါတယ်။

ဒေသခံတယောက်က “အခု စကစ ဘက်နဲ့ PDF တွေပဲဖြစ်ဖြစ် စစ်ရေးလှုပ်ရှားလာကြတဲ့ နေရာဒေသ ကျုံးလောင်ရွားဟောင်ဘက်က ဒေသခံ ရာနဲ့ချီဟာ ရွာမှာ မနေရဲကြဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတယ်။ ခြံလုပ်ငန်းလည်း မလုပ်ရဲကြဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013