DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားသို့ မွန်ပြည်နယ်ထွက် ‌ဆားကြမ်းတန်ချိန် ၅၀၀၀ ခန့်တင်ပို့မည်
DVB
·
February 17, 2024
တောင်ကိုရီးယားသို့ မွန်ပြည်နယ်ထွက် ‌ဆားကြမ်းတန်ချိန် ၅၀၀၀ ခန့်တင်ပို့မည်
Donate to DVB

မွန်ပြည်နယ်ကထွက်တဲ့ အဆင့်မြင့်ဆားကြမ်း တန်ချိန် ၅၀၀၀ ခန့်ကို အခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံကို တင်ပို့သွားမယ်လို့ ဆားကြမ်းထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဆားလိုအပ်ချက်အရ ‌‌မြန်မာနိုင်ငံကို ဆားနမူနာပို့ခိုင်းပြီး နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့တာလို့ ဆာလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

"မနှစ်ကနာမူနာပို့ခိုင်းပြီး MOU စာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ။ အခုဒီလအတွင်း ဆားတန်ချိန် ၅၀၀ ပို့မယ့်ပထမအဆင့်ပေါ့၊ နောက်ပြီး တနှစ်အတွင်း တန်ချိန် ၅၀၀၀ ပို့သွားမယ်လို့ လတ်တလောသိရတယ်။ ဒီကိစ္စတွေကို ပြည်နယ်ဥက္ကဋ္ဌက ကိုင်နေတာဆိုတော့ ကျန်တဲ့ အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ ဝယ်ဖြစ်တာကတော့ သေချာပါတယ်။"

မွန်ပြည်နယ်အတွင်း အခုနှစ်မှာ ဆာဈေးကောင်းမရတာ၊ သွင်းအားစုစရိတ်မြင့်တက်လာတာနဲ့ ဆားကွင်းတွေ ရေနစ်မြုပ်ပြီး ဆားအထွက်နည်းတာ စတာတွေကြောင့် တွက်ခြေမကိုက်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံခြားဈေးကွက်ရရှိပါက ဆားတောင်သူတွေအတွက် အဆင်ပြေသွား‌နိုင်တယ်လို့ ပငမြို့ရှိ ဆားတောင်သူတဦးက ပြောပါတယ်။

"ဒီနှစ်ဖျက်မိုးတွေကြောင့်ကော စရိတ်စကတွေ တက်လာတဲ့အတွက်ကြောင့်ပါ သိပ်ပြီး အခြေအနေ မကောင်းဘူးပေါ့။ တကယ်လို့ ဆားပြည်ပပို့နိုင်ရင်တော့ တောင်သူတွေအတွက် အများကြီး ချောင်လည်သွားနိုင်တယ်။ သူတို့က ပထမစမ်းသပ်ဝယ်နေတဲ့ အချိန်ပဲ ဖြစ်နေသေးတော့ ကျနော်တို့ကိုယ်တိုင်က သူတို့သတ်မှတ်တဲ့ ဆားကွာလတီ‌ရအောင်လုပ်ရမှာ။ သူတို့သတ်မှတ်တဲ့ ကွာလတီပြည့်မီရင်တော့ သူတို့ဆက်ဝယ်သွားမှာပါ။" 

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ဆားထွက်ရှိရာ ဒေသဖြစ်ပြီး နှစ်စဉ် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော်မှ ဆားတန်ချိန် ၅၀၀၀၀ ကျော်ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားအသစ် ပုံမှန်ထွက်ရှိ​ပါတယ်။ 

မွန်ပြည်နယ်မှာ မိုးတွင်းကာလက ဆားကြမ်းဈေးတပိဿာကို ကျပ် ၂၅၀ အထိရရှိခဲ့ပေမယ့် ဒီနေ့ဈေးနှုန်းအရ ဆားကြမ်းတပိဿာကို ကျပ် ၁၈၅ အထိ ကျဆင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013