DVB Logo
Home
မြန်မာသတင်း
ကနီတောင်သူများ သီးနှံရိတ်နေစဉ်  စစ်တပ်ကဗုံးကြဲ၊ စစ်ရဟတ်ယာဉ် ပျံသန်းနေသဖြင့် ဒီးမော့ဆို ဒေသခံများ စိုးရိမ်
DVB
·
February 16, 2024
ကနီတောင်သူများ သီးနှံရိတ်နေစဉ်  စစ်တပ်ကဗုံးကြဲ၊ စစ်ရဟတ်ယာဉ် ပျံသန်းနေသဖြင့် ဒီးမော့ဆို ဒေသခံများ စိုးရိမ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ အုမ္မရွာအနီး ကျစ်တွင်းကုန်း တောတိုက်မှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်မှာ လေကြောင်းပစ်ခတ်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်ပွားဘဲ တောင်သူတွေ သီးနှံရိတ်သိမ်းနေတဲ့အချိန် A5. jet fighter နဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်သွားတာလို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။ 

“ဘယ်တိုက်ပွဲမှ မရှိဘူး၊ ဘယ် PDF မှလည်း မရှိပါဘူး။ ကျနော်တို့က ပဲစိမ်းငုံ‌သီးနှံ ရိတ်သိမ်းနေကြတာကို အကြောင်းမဲ့ ပစ်ခတ်သွားတယ်။ ကနဦးလာတဲ့အချိန်က ၂ နာရီခွဲက ၅ လုံး၊ ၃ နာရီကျော်က ၁ လုံး၊ ၄ နာရီကျော်က လက်နက်ကြီး ၂ လုံး ပစ်ခတ်တယ်ဗျ။ နောက်ဆုံးအကြိမ်ကတော့ လေယာဉ်‌ပေါ်ကနေ စက်လက်နက်နဲ့ပါ ပစ်ခတ်တယ်။ လူထိခိုက်တာ‌တော့ မရှိဘူးဗျ။ သူတို့ ရုတ်တရက်ရောက်လာပြီး ကောင်းကင်ကနေ ပတ်ဝဲပြီး ဗုံးသီးတွေ ကြဲချသွားတယ်။ အခုဆိုရင် ကျနော်တို့မိသားစုတွေ နောက်ထပ်‌ ‌လေယာဉ်နဲ့ လာပစ်မှာ ကြောက်လို့ ဘေးလွတ်ရာကို ရှောင်လာခဲ့တယ်” လို့ ပြောပါတယ်။

အခု စစ်ကောင်စီ ပစ်ခတ်ဗုံးကြဲချတဲ့ နေရာဟာ အုမ္မကျေးရွာနဲ့ တမိုင်ခန့်ကွာဝေးပြီး ဒေသခံမိသားစုလေးစု တောတဲထိုးပြီး တောင်သူလုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက နေရာတချို့ကို စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တွေ တရက်တည်း ၃ ကြိမ်ထပ်မနည်းပျံသန်းနေတာကြောင့် လေကြောင်း ဗုံးကြဲချတိုက်ခိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီလောက် တကြိမ်၊ နေ့လယ် ၂ နာရီလောက် တကြိမ်၊ ညနေ ၄ နာရီလောက် တကြိမ် ဒီးမောဆိုမြို့နယ်က နေရာတချို့ကို စစ်ကောင်စီ ရဟတ်ယာဉ်တွေ ဖြတ်ကျော်ပျံသန်းခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံစစ်ရှောင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒီနေ့က ကျနော်သိရသလောက် ၃ ကြိမ်ထပ်မနည်းဘူး၊ ရဟတ်ယာဥ်ပေမဲ့ ကျနော်တို့မှာ ကြောက်နေရတာပါပဲ။ သူတို့က ဗုံးမကြဲခင်ဆို ဒရုန်းတွေ၊ ကင်းထောက်လေယာဥ်တွေ ရဟတ်ယာဥ်တွေ ပျံလေ့ရှိတယ်ဗျ။ ဟိုတခေါက် ကျောင်းတွေကို မပစ်ခင်ကလည်း ဝီ ဝီဆိုတဲ့ အသံနဲ့ ကင်းထောက် လေယာဥ်လာတယ်၊ ပြီးတော့ ရဟတ်ယာဥ်ပျံတယ်၊ ပြီးမှဗုံးကြဲတာ။" ဒီးမောဆိုမြို့နယ် အနောက်ခြမ်းဒေသတွေမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုး လတ်တလော မရှိသေးပေမဲ့ စစ်ကောင်စီက မကြာခဏ ဆိုသလို လေကြောင်းတိုက်ခိုက်လေ့ ရှိတာကြောင့် စစ်ရှောင်ပြည်သူတွေ ဗုံးခိုကျင်းတွေပြုလုပ်ပြီး နေထိုင်နေရပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ၃ လဝန်းကျင် ကြာမြင့်လာတဲ့အချိန်အထိ လွိုင်ကော်မြို့ကို ၇၅ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီး မော်ချီး၊ နန်းမယ်ခုံ၊ ရှားတော နဲ့ မယ်စဲ့ မြို့ ၄ မြို့တို့ကို အပြီးတိုင်သိမ်းပိုက်ထားနိုင်ပြီး ကရင်နီဒေသခံ ၂ သိန်းကျော်ဟာ စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013