DVB Logo
Home
မြန်မာသတင်း
မိုးကောင်းပြည်သူ ၆ ဦးကို စစ်တပ်ကဖမ်းဆီး၊ ဖမ်းထားသည့် အင်းလေးဒေသခံနှင့် အဆက်သွယ် မရသဖြင့် မိသားစု စိုးရိမ်
DVB
·
February 16, 2024
မိုးကောင်းပြည်သူ ၆ ဦးကို စစ်တပ်ကဖမ်းဆီး၊ ဖမ်းထားသည့် အင်းလေးဒေသခံနှင့် အဆက်သွယ် မရသဖြင့် မိသားစု စိုးရိမ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က မိုးကောင်းတံတားအနီးကို အိမ်စီးကားနဲ့ ရောက်ရှိလာပြီး အပန်းဖြေနေသူတွေနဲ့ ငါးဖမ်းဆီးနေသူ ၆ ဦးကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “ညနေ ၆ နာရီလောက်က မိုးကောင်းတံတားနားကို အိမ်စီးကားနှစ်စီးနဲ့ ရောက်လာတယ်။ အရပ်ဝတ်တွေနဲ့ပဲ။ တံတားနားမှာထိုင်နေတဲ့ စုံတွဲတွေနဲ့ ငါးဖမ်းနေတဲ့သူ ၆ ဦးလောက်ကို ဖမ်းသွားတယ်။ ကောင်မလေးတွေလည်း ပါသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ မိုးကောင်းတံတားကို ရောက်လာပြီး ငါးဖမ်းသူတွေနဲ့ စုံတွဲတွေအနီးရောက်မှ သေနတ်ထုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်း အဲဒီဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူ ၆ ဦးကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရသလို ဘယ်ကိုဖမ်းဆီးသွားတယ် ဆိုတာလည်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၁၉ ရက်က ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခတ်ခံရလို့ စစ်သားနှစ်ဦး သေဆုံးပြီးနောက် ဒေသခံ ပြည်သူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကာ လူငယ်တချို့ကိုတော့ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ လယ်ခြေရွာမှလည်း PNA ပြည်သူ့စစ် ဖမ်းဆီးထားတဲ့ အမျိုးသားတဦးနဲ့ အဆက်အသွယ် မရသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အဲဒီအမျိုးသားနေထိုင်ရာ အိမ်အထိ လာဖမ်းတာဖြစ်ပြီး လာဖမ်းကတည်းကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ သတင်းအစအန မရသေးဘူးလို့ ဆိုပါတယ်။

“PNA က PDF ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ။ သူက သာမန် ပြည်သူပါပဲ။ ဘယ်မှာဖမ်းသွားတယ် ဆိုတာလဲ မသိရသေးဘူး။ မိသားစုဝင်တွေကတော့ နှိပ်စက်ခံရမှာ၊ တိုက်ပွဲဖြစ်တဲ့ ရှေ့တန်းပို့ခံရမှာ စိုးရိမ်နေတယ်” လို့ နီးစပ်သူတဦးက ပြောပါတယ်။

အင်းလေးဒေသမှာ PNO ပြည်သူ့စစ်နဲ့ စစ်ကာကောင်စီက ဒေသခံတွေကို ဖမ်းဆီးပြီး ထောင်ချတာ၊ ငွေနဲ့ ပြန်လာရွေးခိုင်းတာ မကြာခဏ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

အခု အင်းလေးဒေသမှာ အင်းပျူစောထီး၊ စစ်ကောင်စီနဲ့ PNO က နယ်မြေလှည့်တာတွေ ပြုလုပ်နေပြီး ဒေသခံတွေကလည်း မိမိလုံခြုံရေးကို အထူးစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013