DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် နယ်ကျော်ထောက်ခံစာတရွက်ကို ငွေကျပ် ၃၀,၀၀၀ အထိ ပေးနေရ
DVB
·
February 16, 2024
ဘိုကလေးတွင် နယ်ကျော်ထောက်ခံစာတရွက်ကို ငွေကျပ် ၃၀,၀၀၀ အထိ ပေးနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ နယ်ကျော် ထောက်ခံစာတွေ လုပ်နေရပြီး ထောက်ခံစာတရွက်ကို အနည်းဆုံးငွေ ၃၀,၀၀၀ အထိ ပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြေညာပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ပြီး ဘိုကလေးမြို့နယ်မှာ အကြောင်းအမျိုးမျိုးနဲ့ နယ်ကျော်ခရီးသွားပါက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ထောက်ခံစာလုပ်ရမယ်လို့ အသံချဲ့စက်တွေနဲ့ ကြေညာထားပြီး ထောက်ခံစာသွားလုပ်တဲ့အခါ ၁ ရွက်ကို အနည်းဆုံးငွေကျပ် ၃၀,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။

ဘိုကလေးဒေသခံတယောက်က “ဘယ်သွားသွား မှတ်ပုံတင်ပါရင်ရနေတာ။ ထောက်ခံစာ မလုပ်ရတာကြာပြီ၊ အခုမှ ရုတ်တရက်ခိုင်းတာ နယ်ကျော်ထောက်ခံစာပေါ့။ အသံချဲ့စက်တွေနဲ့ လိုက်ကြေညာတာ။ ပြည်သူတွေအနေနဲ့ ခရီးသွားရင် မဖြစ်မနေ ထေက်ခံစာလုပ်ဖို့ကို မလုပ်ရင် ဖမ်းခံရမှာတဲ့။ အဲ့ဒီ ထောက်ခံစာတရွက်ကိုလည်း ကြည့်ဦး ငွေ ၃၀,၀၀၀ အထိပေးနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံတွေက အဲ့လို နယ်ကျော် ထောက်ခံစာတွေ လုပ်ခိုင်းတာဟာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေ ပြည်သူ့ကာကွယ်ရေးတပ်ထဲ ဝင်သွားမှာကို ကြောက်ပြီး ခရီးသွားလာတဲ့ အချက်အလက်တွေသိရစေဖို့ ထိန်းချုပ်တာလို့ ဘိုကလေးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတယောက်က ပြောပါတယ်။

“အာဏာ စသိမ်းတုန်းကလည်း လူအဝင်အထွက်ကို သိရှိစေဖို့ စကစက အခုလိုပဲ လုပ်ခိုင်းတာရှိတယ်။ အခု လည်း သူတို့ တပ်ထဲ လူငယ်တွေ မဝင်ဘဲ တော်လှန်းရေးအဖွဲ့တွေနဲ့ သွားပူးပေါင်းမှာ ကြောက်လို့ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်သင့်တာကို သတိနဲ့ လုပ်ဖို့ပြောချင်တာ။” 

ဘိုကလေးမြို့နယ်မှာ စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကလည်း နယ်ကျော်ခရီးသွားရင် မှတ်ပုံတင်စစ်တာအပြင် နယ်ကျော် ထောက်ခံစာတရွက် ငွေကျပ် ၁၀,၀၀၀ အထိပေးပြီး လုပ်ခဲ့ရသေးတယ်လို့ သိရပါတယ်။

NLD ပါတီ အရပ်သားအစိုးရလက်ထက်က ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့အချိန်က နယ်ကျော်ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ထောက်ခံစာ မလုပ်ခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013