DVB Logo
Home
မြန်မာသတင်း
လယ်ဒိုမြို့နယ်၌ စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
February 16, 2024
လယ်ဒိုမြို့နယ်၌ စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၂ ဦး သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးကာ အသက် ၁၈ နှစ်အောက်ကလေး ၄ ယောက် အပါအဝင် ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်အခြေစိုက်တပ်စခန်း ခလရ-၂၆၄ကနေ ကျေးရွာတွေထဲကို ၁၂၀ မမ၊ ၁၅၅ မမ နဲ့ ၈၁ မမ လက်နက်ကြီး စုစုပေါင်း ၈ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက် ည  ၇ နာရီလောက်မှာ ၁၂၀ မမ လက် နက်ကြီး ၂ လုံးကို ချုံအင်းကျေးရွာနဲ့ ကညင်ကျိုးကျေးရွာအတွင်း ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ ဒေသခံ မောင်စန်းအောင်ရဲ့ နေအိမ်ထိခိုက်ပျက် စီးခဲ့ရတဲ့အပြင် ၅ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက် ၄၂ နှစ်အရွယ် မယုမော်ကို လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ ကေအန်ယူက ပြောပါတယ်။

အဲဒီနောက် ည ၉ နာရီလောက်မှာတော့ ခမရ-၂၆၄ ကနေပဲ ၁၅၅ မမ လက်နက်ကြီး ၁ လုံးကို နတ်သံကွင်းမြို့ဆီ ပစ်ခတ်ခဲ့ပြီး ၈၁ မမ လက်နက်ကြီး ၅ လုံးကို ခင်ကန့်လန့် ကျေးရွာဆီ ပစ်ခတ်ခဲ့တာကြောင့် ခင်ကန့်လန့်ကျေးရွာက တီးဘူလူရဲ့ နေအိမ်ပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်ပျက်စီးခဲ့တဲ့အပြင် အသက် ၈၅ နှစ်အရွယ် မယဉ်ဒွေးကို ကျည်စထိမှန်သေဆုံးပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသမီး ၁ ယောက် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ် တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013