DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင် ဒေသခံ ၁ ဦးကို  MNDAA အဖွဲ့က ဖမ်းဆီး ရိုက်နှက်
DVB
·
February 16, 2024
မူဆယ် ၁၀၅ မိုင် ဒေသခံ ၁ ဦးကို  MNDAA အဖွဲ့က ဖမ်းဆီး ရိုက်နှက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ၁၀၅ မိုင်ဒေသခံတယောက်ကို  ပြီးခဲ့တဲ့ ရက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားပြီး ရိုက်နှက် နှိပ်စက်ခဲ့လို့ လက်ကျိုးသွားတယ်လို့  နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်ကုန်သည် တဦးက"လက်သုံးချောင်း ကျိုးသွားတယ်။ လက်ချောင်း ပြားနေအောင် ညှပ်သွားတာ လက်စွပ်နဲ့။ သုံးရက်လောက်မှ သိတာ။ ပလာယာနဲ့ ခွာယူရတယ်။ ဖမ်းခေါ်သွားပြီး ရိုက်ခံရတာ သူတယောက်ထဲ မဟုတ်ဘူး။ ၁၀ ယောက်လောက်ရှိတယ်။ လက်လုပ်လက်စား အလုပ်သမား ဗမာတွေလည်းပါတယ်" လို့ ပြောပါတယ်။

ဘုန်းကြီးတွေရော၊ တခြားအဖွဲ့အစည်းတွေရော အများကြီးပြောကူလို့ အသက်ရှင်လျက်သား လွတ်လာတာလို့လည်း ဒေသခံက  ပြောပါတယ်။  ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေ  အသေးစိတ်မသိရဘူးလို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတဦးက "နှစ်ခါဖမ်းခေါ်သွားတယ်။ ပထမ အခေါက်က အဲလောက် မဆိုးဘူး။ ဒုတိယ အခေါက်က သေလုမျောပါး ရိုက်ထားတာ။ သူ့အိမ်မှာ သေနတ်ရှိတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ။ မရှိဘူးပြောလည်း မယုံဘူး။ သွားရှာခိုင်းတယ်။ ဘာသေနတ်မှလည်း မတွေ့ပါဘူး" လို့ ပြောပါတယ်။

အဲဒီ ရိုက်နှက်ခံရသူနဲ့ အတူ ဖမ်းဆီးခံရတဲ့ သူတွေကို MNDAA အဖွဲ့က သူတို့ တပ်ထဲခေါ်သွားပြီး MNDAA စစ်သား တယောက်ကို ၃ ချက်စီ ရိုက်ခိုင်းတယ်လို့လည်း  ပြောပါတယ်။

ဒေသခံတွေကို ဘာကြောင့် ဖမ်းဆီး ရိုက်နှက်တယ်ဆိုတာကိုတော့  MNDAA ဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

ဒေသခံတွေကတော့ ဘယ်အဖွဲ့ အစည်းဖြစ်ဖြစ် လူမဆန်စွာ ရက်စက် အကြမ်းဖက် နှိပ်စက်တဲ့ လုပ်ရပ်ကို လက်မခံ နိုင်ကြောင်း ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013