DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်စိမ်းအရောင်းအဝယ်လုပ်သူ ၁ ဦး လုယက်သတ်ဖြတ်ခံရ
DVB
·
February 16, 2024
ဖားကန့်တွင် ကျောက်စိမ်းအရောင်းအဝယ်လုပ်သူ ၁ ဦး လုယက်သတ်ဖြတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်ဖို့သွားတဲ့ အမျိုးသားတယောက် ရိုက်နှက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ လမ်းမကြီးမှာ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်နဲ့ ကျောက်အရောင်းအဝယ်လုပ်ကိုင်ဖို့ သွားမယ့် အမျိုးသားတယောက်ကို အမည်မသိ လူတစုက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “နေ့လယ်ပိုင်း ၂ နာရီလောက်က ဖြစ်သွားတာ။ ဆိုင်ကယ်နဲ့ ကျောက်ပွဲတိုက်ဖို့အသွား ရိုက်နှက် သတ်ဖြတ်ခံရတာ။ ပစ္စည်းတွေတော့ပါသွားတယ်။ ဆိုင်ကယ်ပေါ်တင်လာတဲ့ ကျောက်ကို ဖြုတ်ယူဖို့ လုပ်နေတုန်း အနားပတ်ဝန်းကျင်ကလူတွေ ရောက်လာတော့ ရိုက်နှက်တဲ့လူတွေ ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်နဲ့ ကျောက်အရောင်းအဝယ် ပြုလုပ်ဖို့ သွားစဉ် လုယက်သတ်ဖြတ်ခံရသူဟာ အသက် ၆၀ နီးပါးအရွယ် ဦးချစ်သန်း ဖြစ်ပြီး ဦးခေါင်းနဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်ကလည်း သာယာကုန်းကျေးရွာလမ်းအတိုင်း ဆိုင်ကယ်နဲ့ပြန်လာတဲ့ သင်းအုပ်ဆရာတယောက်ကို အမည်မသိလူတစုက ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေကျပ် ၁၀ သိန်းကို လုယူ ဓားပြတိုက်ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ ဓားပြတိုက်မှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီး လုယက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်အတော်များများကို ဖမ်းဆီး အရေးယူနိုင်တာတွေ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013