DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ် ပစ်သတ်
DVB
·
February 16, 2024
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ် ပစ်သတ်
Donate to DVB

ပဲခူးမြို့အဝင်ဂိတ်မှာ ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးခံရတဲ့ နိုင်ငံ‌ရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့  မိသားစုဝင်တဦးက အတည်ပြုပြောပါတယ်။

စစ်တပ်ဖမ်းဆီးခံထားရစဉ်မှာ မနိုဘယ်လ်အေး သတ်ဖြတ်ခံလိုက်ရလို့ သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်ခဲ့လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက စိုးရိမ်နေခဲ့ကြပြီး  ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ သေဆုံးသွားတာဟုတ်မှန်ကြောင်း မနိုဘယ်လ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

“မနိုဘယ်လ်အေးနဲ့အတူဖမ်းဆီးခံထားရတဲ့ ကိုလေးခွင်ကိုတော့ ဖေဖော်ဝါရီ ၈ ရက်နေ့ တရားရုံးထုတ် အပြန်မှာ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီနေ့ကနေ ဒီနေ့ထိ ကြားထဲမှာ မနိုဘယ်လ်အေးသတင်းက လွတ်နေတာ၊ ဘာမှမသိရဘူး။ အခုလေးတင်ပဲ ပဲခူးတိုင်း သနပ်ပင် တိုင်းဒေသကြီးကိုယ်စားလှယ်ကိုမင်းထက်သာဆီက အတည်ပြုချက်ရတာပါ။ ကျနော့်အမလည်း အသတ်ခံလိုက်ရပြီဆိုပြီးတော့။ အခုမှသိရတော့ ကျနော်လည်း ဘာလုပ်လို့ လုပ်ရမလဲ မသိဘူး ဖြစ်နေတယ်။ ကျနော့်အမအတွက် တရားမျှတမှု ဘယ်လိုရှာရမလဲ စိတ်လည်း တအားထိခိုက်နေပါတယ်။”

အဆိုပါကိစ္စနဲ့ပတ်သက်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းရာမှာလည်း ပစ်သတ်ခံလိုက်ရကြောင်း ကြားသိထားတယ်လို့ ထပ်မံ အတည်ပြုပြောပါတယ်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ဟုတ်တယ်၊ လက်နက်တွေနဲ့ဖမ်းမိတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကို ၈ ရက်နေ့ တရားရုံးကအပြန် လမ်းခုလတ် ကျိုက်လတ်ရွာနားမှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်လိုက်တယ်လို့ ကျနော်တို့ ကြားသိရတယ်။ အလောင်းတွေကိုလည်း ဝေါဆေးရုံကိုပို့ပြီး ဘယ်သူ့ကိုမှ အမြင်မခံဘဲ တိုးတိုးတိတ်တိတ် မြေမြှုပ်လိုက်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီက စစ်တပ်စစ်‌ဆေးရေးဂိတ်မှာ မော်တော်ကား တစီးကို စစ်ဆေးရာ အိတ်နဲ့သယ်လာတဲ့ စနိုက်ပါ ၁ လက်၊ အမ် ၁၆ တလက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂,၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့ပါတယ်။

ပဲခူးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ပြည်ထဲရေးဒု၀န်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီလည်းဖြစ်သူ ကိုစိုးမိုးလှိုင် (ခ) ကိုမဲ ကိုလည်း စစ်တပ် သတ်ဖြတ်ခဲ့ဖူးပါတယ်။

မနိုဘယ်လ်အေးဟာ အမျိုးသမီးရောဂါ ခံစားနေရတာဖြစ်ပြီး ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ် ၄၂ နှစ် ကျခံရဖူးပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာလည်း ထပ်မံထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013