DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ၆ မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲ ပြုလုပ်
DVB
·
February 16, 2024
ရန်ကုန် ၆ မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲ ပြုလုပ်
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်က စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို ပြုစစ်တပ်ထောက်ခံသူတွေက ပြုလုပ်ခဲ့ကြပါတယ်။

ကျောက်တံတား၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ သန်လျင်နဲ့ တွံတေးမြို့နယ်တို့ရှိ ပန်းခြံနဲ့ အားကစားကွင်းတွေမှာ တပ်ထောက်ခံသူ ရာဂဏန်းလောက်ပါဝင် ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။

ထောက်ခံပွဲလုပ်နေရာကို စစ်ကောင်စီရဲတွေက လုံခြုံရေးယူပေးနေခဲ့ပြီး ဒီလူစုထဲမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ တပ်မိသားစုဝင်တွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်တယ်လို့သိရတဲ့အပြင် ထောက်ခံပွဲနေရာမှာ လူပါဝင်မှုများနေအောင် မြို့နယ်အလိုက် အချိန်ခွဲပြီးမှ ‌ထောက်ခံပွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြားစို့၊  ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ကြိုဆိုထောက်ခံပါသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့”စတဲ့ စာသား ဘန်နာတွေကိုင်စွဲထားတဲ့  ဒီလူစုဟာ စစ်ကောင်စီ တပ်အလံ၊ ကြည်းတပ်ရဲ့ အလံတွေ၊ မြန်မာနိုင်ငံအလံတွေအပြင် ဗုဒ္ဓဘာသာရဲ့ သာသနာ့အလံကို ကိုင်ဆောင်ထောက်ခံနေကြတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နအဖ အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာမှ အာဏာတည်ကြောင်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖွဲ့စည်းခဲ့ပြန်ပြီး တိုင်းနဲ့ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုလည်း  ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကလည်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာနဲ့  မကွေးမြို့တို့မှာ စစ်ကောင်စီ အတည်ပြုထားတဲ့ စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို တပ်ထောက်ခံသူတွေက ပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေထောက်ခံတဲ့ပုံစံမျိုး နိုင်ငံတကာ မြင်လာစေဖို့ မြို့နယ်အလိုက် တပ်ထောက်ခံပွဲတွေ ပြုလုပ်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ ထွေအုပ်အသိုက်အဝန်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013