DVB Logo
Home
မြန်မာသတင်း
KNDF က ရှားတောတမြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက် 
DVB
·
February 15, 2024
KNDF က ရှားတောတမြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက် 
1 / 10
Donate to DVB

ကရင်နီပြည်၊ ရှားတောမြို့ ဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ဘက်ပြောင်းဖို့ ရက် ၂၀ ကျော်ဖိတ်ခေါ်ခဲ့ပြီး လက်မခံတဲ့အဆုံးမှာ တိုက်ခိုက်ခဲ့ပြီး ရှားတောတမြို့နယ်လုံးကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရှားတောတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ Loikaw PDF တို့ပူးပေါင်းပြီး ရှားတောမြို့အဝင် စေတီကုန်းပေါ်က စစ်ကောင်စီရဲ့ ခမရ ၄၈၂ တပ်ရဲ့ ဗျူဟာကုန်းစခန်းကို ဝန်းရံထားတဲ့ ကာကင်းစခန်းကုန်း ၂ ခုကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်တိုက်ခိုက်ပြီး ၁၇ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဗျူဟာကုန်းအရှေ့က ကာကင်းတွေကိုလည်း ဆက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှာ သိမ်းပိုက်နိုင်တာကြောင့် ဗျူဟာကုန်းစခန်းကို ဝန်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံဖို့၊ လက်နက်ချပြီး အသက်ရှင်ခွင့်ရယူဖို့ အကြိမ်ကြိမ် ကမ်းလှမ်းဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်က လက်မခံဘဲ စခန်းဘန်ကာတွေ၊ ဘုရားစေတီဂူပေါက်တွေအတွင်း အခိုင်အမာခံစစ်ပြင် တန်ပြန်တိုက်ခိုက်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ခလရ ၂၄၉ တပ်ရင်းက ရဟတ်ယာဉ် ၃ စင်းနဲ့ အင်အား ၇၀ ကျော်လောက် စစ်ကူပို့လာခဲ့ပြီး အဲဒီ စစ်ကူတွေကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ မနက် ၅ နာရီခွဲ အချိန်မှာ ဗျူဟာကုန်းကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၃ နာရီအကြာ မနက် ၈ နာရီခွဲမှာ အပြီးသတ်ချေမှုန်း သိမ်းပိုက်ပြီး ရှားတောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှားတောမြို့နယ်က ခမရ ၄၂၈၊ ခလရ ၂၄၉ နဲ့ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ၊ ရဲတွေ အားလုံးကို တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲတွေအတွင်း ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရရှိတယ်လို့ ဆိုပါတယ်။

ပြီးတော့ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းကျည်ဆန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop တွေ အသုံးပြုပြီး လေကြောင်းပစ်ကူ ၂၀၅ ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့ပြီး KNDF က ရဲဘော် ၃ ယောက်နဲ့ တခြားတပ်ဖွဲ့က ရဲဘော်တချို့လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013