DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင်  အရပ်သားလူငယ် အယောက် ၄၀ ထက်မနည်း ဖမ်းဆီးခံရ
DVB
·
February 15, 2024
ကန်ကြီးထောင့်တွင်  အရပ်သားလူငယ် အယောက် ၄၀ ထက်မနည်း ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ စစ်တပ်က အရပ်သား အယောက် ၄၀ ထက်မနည်း ဖမ်းဆီးခေါ်သွားတယ်လို့ ဒေသခံတွေဆီ သိရပါတယ်။

ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာတဲ့စစ်သင်္ဘော ၁ စင်းမှ စစ်သားတွေက လူငယ် အမျိုးသား အယောက် ၄၀ ထက်မနည်း ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

“အင်အား အများအပြားနဲ့ စစ်သင်္ဘောပေါ်ကနေ လာတဲ့ စစ်သားတွေက ဖမ်းခေါ်သွားတာ။ စစ်မှုထမ်းရမယ် ပြောတာပဲ။ သူတို့ပြောတော့ ဥပဒေနဲ့အညီ ဆင့်ခေါ်ပြီး အသက်အရွယ်၊ ကျန်းမာရေး၊ အရပ် ဘာတွေ ညာတွေ စစ်ဆေးပြီးမှ ခေါ်မှာဆို။ အပြောတမျိုး အလုပ်တမျိုး သူတို့က လုပ်နေကျ၊ ပြည်သူတွေ ပါသင့်တဲ့ဘက် ရွေးသင့်ပြီ” လို့ တက်ကြွလှုပ်ရှားသူ ဒေသခံတ ယောက်က ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတွေ အများစုပါပြီး အဖေအို အမေအိုတွေကို လုပ်ကျွေးနေတဲ့ ကုန်လမ်းလုပ်သားတွေ၊ ကယ်ရီသမားတွေ၊ စက်ရုံ အလုပ်ရုံတွေက လုပ်သားတွေ၊ တက္ကသိုလ်ကျောင်းသားတွေလည်း ပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကောင်းလေး ၁ ယောက်ရဲ့ အမေဆို သေမတတ်ဖြစ်နေပြီ သူ့သားလေးက ကုန်ထမ်းပြီး လုပ်ကျွေးနေတာလေ။ အမေတခု သားတခုရှိတဲ့ ကလေးတောင် မထားဘဲခေါ်တာ။ သူတို့ပြောတဲ့ ဥပဒေဆိုတာ အလကားပဲ။ ပါးစပ်ထဲကထွက်လို့သာ လူစကားလို့ပြောလို့ရတာ ဘာအဓိပ္ပာယ်မှ ယုံကြည်စရာအချက်ကို မရှိတာ” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ဖမ်းအခေါ်ခံရတဲ့ လူငယ်တွေကို လက်ရှိအချိန်အထိ ဘယ်မှာထားပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို ဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မိသားစုတွေ အနေနဲ့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းကလည်း ကန်ကြီးထောင့်မြို့နယ်က ဒေသခံ အယောက် ၁၀၀ နီးပါးကို စစ်တပ်ကကို ပျူစောထီး (ပြည်သူ့စစ်) သင်တန်းတက် ရောက်ခိုင်းခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013