DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် စစ်မှုထမ်းခိုင်းရန် အိမ်ထောင်စုစာရင်း စတင်ကောက်ခံ
DVB
·
February 15, 2024
ပုသိမ်မြို့တွင် စစ်မှုထမ်းခိုင်းရန် အိမ်ထောင်စုစာရင်း စတင်ကောက်ခံ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာရှိတဲ့ ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့အတွက် အိမ်ထောင်စု စာရင်းတွေကို ဖေဖော်ဝါရီ ၁၄ ရက်ကစတင်ပြီး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၁၁ ရပ်ကွက်‌တွေမှာရှိတဲ့ နေအိမ်တွေကို ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက စစ်မှုထမ်းဖို့အတွက် အိမ်ထောင်စုစာရင်းနဲ့ တိုက်ပြီး လက်ရှိနေထိုင်သူစာရင်းကို ကောက်ခံနေပါတယ်။

အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူတဦးက “အိမ်ထောင်စုစာရင်းနဲ့ အခုနေထိုင်တဲ့သူတွေနဲ့ တိုက်စစ်ပြီး အမျိုးသားဘယ်လောက်၊ အမျိုးသမီးဘယ်လောက်၊ ကလေးဘယ်လောက်ဆိုပြီး ကောက်သွားတာ။ အိမ်မှာနေထိုင်တဲ့သူ စာရင်းကော မရှိတဲ့သူစာရင်းပါ သတ်သတ်စီမှတ်ပြီး ကောက်သွားတာ။ စစ်မှုထမ်းဖို့လို့တော့မပြောဘူး၊ ဒီတိုင်းပဲ စာရင်းတွေကောက်တာလို့ ပြောတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့ ဘုရားကုန်း‌ကျေးရွာမှာ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီကျော်က အလုပ်ကပြန်လာတဲ့ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ပုသိမ်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ထုတ်ထားပေမဲ့ ည ၉ နာရီနောက်ပိုင်း ဖမ်းဆီးခံရတာတွေရှိနေပြီး ဖမ်းဆီးခံရတဲ့သူ အများအပြားဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

“ညမထွက်ရအမိန့်နဲ့ ဖမ်းတယ်ဆိုပြီး ဖမ်းသွားတာ။ ပြီးရင် အဆက်အသွယ်မရတဲ့သူတွေက များတယ်။ အဲ့ဒါက အခု စစ်မှုမထမ်းမနေရအမိန့် မထုတ်ခင်တည်းက ဖမ်းခံနေရတာ။ အခု အဲဒီအမိန့် ထပ်ထုတ်လိုက်တော့ ည ၈ နာရီကျော်ရင် အများစုက အပြင်မထွက်‌ကြတော့ဘူး” လို့ ပြောပါတယ်။

ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာလည်း သတ်လတ်ပိုင်း အမျိုးသားတွေကို ဖေဖော်ဝါရီ ၁၁ ရက်က ဖောကားတွေနဲ့ တင်ဆောင်လာပြီး ပြည်သူ့စစ်သင်တန်း ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013