မန်ချက်စတာယူနိုက်တက် နည်းပြ ကာရစ်က အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာဒါဘီပွဲ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး ကစားသမားတွေ အလွန်ဒေါသထွက်နေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရာသီအစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေပေမဲ့ ဒီဒေါသနဲ့ မကျေနပ်မှုတွေကို စိတ်ဓာတ်ခွန်အားအဖြစ် ပြောင်းလဲပြီး ရုန်းထွက်သွားမယ်လို့ ဆိုပါတယ်။
နည်းပြ ကာရစ်က ဒါဘီပွဲက ဒေါသနဲ့ ခံစားချက်တွေကို ရလဒ်ကောင်းတွေ ရရှိဖို့အတွက် တွန်းအားအဖြစ် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
မန်ယူအသင်းဟာ လာမဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
မန်ယူဟာ အဆိုပါ ကာရာဘောင်ဖလားပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူပြီး ပရိသတ်တွေကို ကျေနပ်အောင် စွမ်းဆောင်ရမှာ ဖြစ်ပါတယ်။











