DVB Logo
Home
မြန်မာသတင်း
၁ နှစ်လျှင် လူဦးရေ ၆ သောင်း စစ်မှုထမ်းရမည်ဟု စစ်ကောင်စီထုတ်ပြန်
DVB
·
February 14, 2024
၁ နှစ်လျှင် လူဦးရေ ၆ သောင်း စစ်မှုထမ်းရမည်ဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

စစ်ကောင်စီက  စစ်မှုထမ်းဖို့အတွက် လစဥ်စစ်သင်တန်းပေးသွားမှာဖြစ်ပြီး ၁ နှစ်လျှင် အမျိုးသား၊ အမျိုးသမီး ၆ သောင်း တာဝန်ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို) အဖွဲ့က ပြည်နယ်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးပါက သင်တန်းပေးသွားမယ်လို့ သိရပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို) အဖွဲ့မှ တိုင်းဒေသကြီးအစိုးရကို ဖွဲ့စည်းပေးပြီးမှ တိုင်းကတဆင့် ခရိုင်၊ မြို့နယ်တွေကို ဖွဲ့စည်းပေးရမယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ညွှန်ကြားစာမရသေးဘူး၊ ဗဟိုကနေ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ကို ဖွဲ့ပေးပြီးမှ တိုင်းကနေ ခရိုင်နဲ့မြို့နယ်ကိုဖွဲ့မှာ၊ ဆင့်ကဲသွားမှာ အခုထိတော့ ညွှန်ကြားစာမရသေးဘူး။”

စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ ခုကို သင်တန်းသား ၅၀၀၀ နဲ့ သင်တန်းကာလ ၄ လကြာမြင့်မှာဖြစ်ကာ ၁ နှစ်ကို သင်တန်း ၁၂ ကြိမ်ပေးသွားမှာဖြစ်ပြီး အမျိုးသမီးတွေကို သင်တန်းအပတ်စဥ် ၅ မှ ခေါ်ယူသွားမယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကျောင်းတက်နေသူ၊ အလုပ်လုပ်နေသူတွေအနေနဲ့ ယာယီရွေ့ဆိုင်းနိုင်ပြီး ကျောင်းပြီးချိန်နဲ့ လုပ်ငန်းခွင်ပြီးပါက စစ်မှုထမ်းရမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီသူ အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း စုစုပေါင်း ၁၃ သန်းရှိပြီး အဲ့ဒီထဲကမှ လိုအပ်သူတွေကိုခေါ်ယူပြီး လစာရိက္ခာအပါအဝင် လိုအပ်တဲ့ပစွည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ၁၈ ဦးနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ညမှာ ဖွဲ့စည်းခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ညမှာ အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013