DVB Logo
Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ဖယ်ခုံစစ်ရှောင် ၃ ဦးသေဆုံး၊ တန့်ဆည်တွင် ဗုံးကြဲခံရသဖြင့် ကားသမား ၂ ဦးဒဏ်ရ
DVB
·
February 14, 2024
စစ်တပ် လက်နက်ကြီးကြောင့် ဖယ်ခုံစစ်ရှောင် ၃ ဦးသေဆုံး၊ တန့်ဆည်တွင် ဗုံးကြဲခံရသဖြင့် ကားသမား ၂ ဦးဒဏ်ရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ရွှေစမ်းရွာမှာ ဖေဖော်ဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက်မပြည့်သေးတဲ့ ဆယ်တန်း ကျောင်းသူတဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရွှေစမ်းရွာခံတဦးက “စစ်ရှောင်တွေ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ လက်နက်ကြီး ပစ်လာတယ်။ ဒဏ်ရာရသူတွေလည်း ဒဏ်ရာပြင်းထန်ကြတယ်” လို့ ပြောပါတယ်။

ရွှေစမ်းရွာမှာ တိုက်ပွဲဖြစ်ပွားဖူးတာ မရှိတာကြောင့် စစ်ရှောင် ၃၀၀ ကျော် လာရောက် ခိုလှုံနေကြစဉ် စစ်ကောင်စီက ရုတ်တရက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေ ဘေးကင်းရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖယ်ခုံအင်းအရှေ့ဘက်မှာ ကရင်နီ စစ်ရှောင်များစွာ ခိုလှုံနေကြပြီ့း စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်လောက်မှာလည်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ် နယ်စပ်နှစ်ခုကြားမှာရှိတဲ့ ပကားကျေးရွာနားကို စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါလေယာဉ်နှစ်စီးဟာ မန္တလေး တံတားဦးကနေ လာရောက်ပစ်ခတ်တာလို့လည်း ဆိုပါတယ်။

ဒေသခံရွာသားတဦးက “ရေဦး-ကလေးဝလမ်း တန့်ဆည်မြို့ ပကားကျေးရွာ အနောက်ဘက်ကို ဗုံးကြဲသွားတယ်။ အကြောင်းမဲ့ ဗုံးကြဲချသွားတာပါ။ ၈ လုံးကြဲတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ကားသမား ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၆ ဘီးကား တစီး၊ ၁၂ ဘီးကားတစီး ပျက်စီးတယ်။ နောက်ထပ် လာပစ်နိုင်သေးတယ်ဆိုပြီး ရွာသားတွေကတော့ ကြောက်လန့်နေကြတယ်” လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့ဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ကူသွားမှာကို ကြောက်လန့်ပြီး အခုလို ဗုံးကြဲခြောက်လန့်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013