DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုတလင်  PDF ရဲဘော် ၄ ဦး ကျဆုံး
DVB
·
February 14, 2024
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုတလင်  PDF ရဲဘော် ၄ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာဦးမှာ ဖေဖော်ဝါရီ ၁၄ ရက်  ဒီနေ့မနက် ၁၀ နာရီက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြာင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၇ နာရီလောက် ဘုတလင်မြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီ စစ်ကြောင်းလာပြီဆိုတော့ ကျနော်တို့ရွာက လူတွေ ရွာလုံးကျွတ်ထွက် ပြေးကြရတယ်။ အဲလိုထွက်ပြေးပြီး စစ်ကြောင်းပြန်သွားပြီလို့ သတင်းရတာနဲ့ ရွာထဲပြန်ဝင်တဲ့အခါ သူတို့ပစ်သတ်သွားတဲ့ ပြည်သူကာကွယ်ရေး ရဲဘော် ၄ ဦး အလောင်းကို တွေ့ခဲ့ရတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ကျဆုံးရဲဘော်ရုပ်အလောင်း ၄‌ လောင်းကို ပြည်သူ့ကာကွယ်ရေးဘက်က ကောက်ယူပြီး ကောင်မွန်စွာသင်္ဂြိုဟ် ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးက “စစ်‌ကြောင်းထွက်တယ်ဆိုတော့ ပြည်သူတွေ စစ်ဘေးရှောင်နိုင်ဖို့ လုံခြုံရေးလုပ်ပေးရင်း အလစ်ပစ်ခတ်ခံလိုက်ရတာပါဗျ။ သေဆုံးတဲ့ ရဲဘော်တွေက ထက်မြတ်လင်း ၂၁ နှစ်၊ နေဇော်ထွန်း ၃၂ နှစ်၊ ဝိုင်းစုအောင် ၁၈ နှစ်၊ နောက်ရဲဘော်တယောက်ရဲ့ အမည်နဲ့အသက်ကတော့ မသိရသေးဘူးဗျ။ ကျဆုံးတာက ၄ ဦး ဟုတ်ပါတယ်။ ဒီမိုကဒေစီရရှိရေးအတွက် ဒေသခံပြည်သူ တွေအတွက် အသက်ပေးအလုပ်လုပ်သွားတဲ့ ရဲဘော် ၄ ဦး ကောင်ရာ သုဂတိလားပြီး အာဇာနည်ရဲဘော်တွေအတွက် ချီးကျူးဂုဏ်ပြုလေးစားရပါတယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ် ကွမ်းခြံရွာကို ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ထန်းတောရွာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013