DVB Logo
Home
နိုင်ငံတကာ
နေတိုးအဖွဲ့ဝင်များ အဆင့်ခွဲမည့်စနစ် ထရမ့်၏အကြံပေး အဆိုပြု
DVB
·
February 14, 2024
နေတိုးအဖွဲ့ဝင်များ အဆင့်ခွဲမည့်စနစ် ထရမ့်၏အကြံပေး အဆိုပြု
Donate to DVB

ဒေါ်နယ်ထရမ့်သာ သမ္မတပြန်ဖြစ်ရင် နေတိုးတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပြီး ထည့်ဝင်မှုအပေါ် မူတည်ပြီး အဆင့်ခွဲသတ်မှတ်တဲ့စနစ်ကို ကျင့်သုံးဖို့ ဖိအားပေးသွားမယ်လို့ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ကိတ်သ် ကဲလ်လော့ဂ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ကဲလော့ဂ်ဟာ ထရမ့် သမ္မတဖြစ်စဉ်က အမျိုးသားလုံခြုံရေးကောင်စီ ရုံးအဖွဲ့မှူးတာဝန် ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

အဖွဲ့ဝင် ၃၁ နိုင်ငံရှိတဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) မှာ နိုင်ငံတနိုင်ငံဟာ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု (GDP) ရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် မသုံးဘူးဆိုရင် စာချုပ်ပုဒ်မ ၅ အရ ပေးအပ်မယ့် အကာအကွယ်ကိုလည်း အဲဒီနိုင်ငံက ရပိုင်ခွင့်မရှိသင့်ဘူးလို့ ကဲလော့ဂ်က ဆိုပါတယ်။

နေတိုးစာချုပ် ပုဒ်မ ၅ အရ စာချုပ်ဝင်တနိုင်ငံ တိုက်ခိုက်ခံရရင် အားလုံးကိုတိုက်ခိုက်တယ်လို့ မှတ်ယူပြီး အဖွဲ့ဝင်အားလုံးက သင့်လျော်သလို တုံ့ပြန်တိုက်ခိုက်ရမယ်လို့ ပါရှိပါတယ်။

ကဲလော့ဂ်က နေတိုးကို အဆင့်အလိုက် ခွဲခြားသတ်မှတ်တဲ့ မဟာမိတ်ပုံစံ ပြောင်းပစ်သင့်ပြီး သတ်မှတ်ချက်အတိုင်း လိုက်နာတဲ့၊ ထည့်ဝင်တဲ့နိုင်ငံကို ပိုပြီး ကာကွယ်ပေးတဲ့ပုံစံမျိုး ပြောင်းပစ်ရမယ်လို့ အဆိုပြုပါတယ်။

ဒေါ်နယ်ထရမ့်က စစ်ရေးထည့်ဝင်မှုမပြည့်တဲ့ နိုင်ငံဆိုရင် မကူညီတဲ့အပြင် ရုရှားက တိုက်ဖို့တောင် မြှောက်ပေးဦးမယ်လို့ ပြောကြားခဲ့အပြီးမှာ သူ့အကြံပေးကလည်း ဒီလို နေတိုးကို အဆင့်ခွဲသတ်မှတ်မယ့်ပုံစံကို အဆိုပြုတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013