DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ငွေလဲလုပ်ငန်းလုပ်သည့် မြန်မာ ၁ ဦး အသတ်ခံရ၊ ဘတ်ငွေ ၅ သန်းပါ ပျောက်ဆုံး 
DVB
·
February 14, 2024
ဘန်ကောက်တွင် ငွေလဲလုပ်ငန်းလုပ်သည့် မြန်မာ ၁ ဦး အသတ်ခံရ၊ ဘတ်ငွေ ၅ သန်းပါ ပျောက်ဆုံး 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁ ဦး အသတ်ခံရပြီး ဘတ်ငွေ ၅ သန်းပါ ပျောက်ဆုံးသွားတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကောက် ခလောင်းတွေနယ်မြေ ဆုခိုဗစ်လမ်းရှိ  တည်းခိုခန်းတခုမှာ လူ ၁ ဦး အသတ်ခံ ထားရကြောင်း ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ တိုင်ကြားချက်ရတဲ့အတွက် မှုခင်းဆရာဝန်တွေနဲ့အတူ  သွားရောက်စစ်ဆေးခဲ့တယ်လို့ လုမ္ပဏီနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ တည်းခိုခန်း ၂၃ လွှာရှိ အခန်းတခန်းတည်းမှာဖြစ်ပြီး လူ ၁ ဦး ခေါင်းနဲ့ နားတွေမှာ သွေးထွက်လွန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း၊ အခန်းထဲမှာ ခရီးဆောင်အိတ်နဲ့ မီးခံသေတ္တာကြီး ၁ လုံးတွေ့ပြီး လူသတ်လက်နက်တစုံတရာမတွေ့ဘူး၊ သေဆုံးသူဟာ လက်သီးနဲ့အထိုးခံရတယ်လို့ ယူဆကြောင်း စခန်းမှူးက ပြောပါတယ်။ 

သေဆုံးသူမှာ အသက် ၅၃ နှစ်ရွယ် Kayaw Zeyar ဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး၊ နိုင်ငံခြားသားတွေနဲ့အတူ ငွေလဲလှယ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတာလို့  မိခင်ဖြစ်သူက ပြောပါ တယ်။  

ဖေဖော်ဝါရီ ၁၃ ရက် ညက သားနဲ့အတူအလုပ်လုပ်နေတဲ့ ဝီလျံ နဲ့ ဂျွန်ဆိုသူ စကော့တလန်နိုင်ငံသား ၂ ဦးရောက်လာပြီး စကားများကြကြောင်း၊ သူမလည်း ရိုက်နှက်ခံရလို့ သတိမေ့လဲသွားတယ်၊ သတိပြန်ရလာတဲ့အခါ သားဖြစ်သူ သွေးအိုင်ထဲမှာ သေဆုံးနေပြီး မီးခံသေတ္တာထဲက ဘတ်ငွေ ၅ သန်းလည်း ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အနီးနားတဝိုက် စီစီကင်မရာတွေစစ်ဆေးပြီး ကျန်တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ အဆိုပါနိုင်ငံခြားသား ၂ ဦးကို စစ်ဆေးအရေးယူဖို့  ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013