
ရီးရဲလ်မက်ဒရစ် လေ့ကျင့်ရေးကွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကစားသမားတွေကို ပြစ်တင်ဝေဖန်မှာ မဟုတ်ဘဲ လက်ရှိအသင်းရဲ့ ရလဒ်ဆိုးတွေအတွက် သူ့ကိုယ်သူသာ အပြစ်တင်တယ်လို့ နည်းပြ အာဘီလိုအာက ပြောကြားလိုက်ပါတယ်။
လေ့ကျင့်ရေးကွင်းမှာ ဖီဒေရီကို ဗယ်ဗာဒီနဲ့ ချူအာမန်နီတို့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်ကြောင့် ဗယ်ဗာဒီ ဆေးရုံတက်ခဲ့ရပြီး ကစားသမား ၂ ယောက် စလုံး ယူရို ၅ သိန်းစီ ဒဏ်ရိုက်ခံခဲ့ရတာပါ။
နည်းပြ အာဘီလိုအာက ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ကာကွယ်ပြောဆိုခဲ့သလို၊ အသင်းတွင်းသတင်းတွေ အပြင်ပေါက်ကြားနေတာဟာ ကလပ်အပေါ် သစ္စာဖောက်ရာ ရောက်တယ်လို့ ဝေဖန်ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာပေကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။










