DVB Logo
Home
နိုင်ငံတကာ
ဆွီဒင် အပန်းဖြေပန်းခြံ ၁ ခုတွင် မီးလောင်
DVB
·
February 13, 2024
ဆွီဒင် အပန်းဖြေပန်းခြံ ၁ ခုတွင် မီးလောင်
Donate to DVB

ဆွီဒင်နိုင်ငံအနောက်ပိုင်း ဂိုသမ်ဘာ့ဂ်မြို့က အပန်းဖြေပန်းခြံတခုမှာ ဖေဖော်ဝါရီ ၁၂ ရက်က အပြင်းအထန် မီးလောင်ကျွမ်းပြီးနောက် မီးတောက်တွေ မီးခိုးတွေ ထူထပ်နေပုံ ဗီဒီယိုကို လူမှုမီဒီယာပေါ်မှာ တွေ့ရပါတယ်။

လေဟာပြင် ရေလွှာလျှောတွေနဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံတွေကို မီးလောင်သွားတယ်လို့ မျက်မြင်သက်သေတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိမှုကို သတင်းမထုတ်ပြန်ပေမဲ့ မြို့တော်အထက်မှာ အနက်ရောင်မီးခိုးတွေ ထူထူထပ်ထပ်တက်လာလို့ ဒေသတွင်းနေထိုင်သူတွေ အိမ်တွင်းမှာသာနေကြဖို့နဲ့ မီးခိုးငွေ့မဝင်စေရေး ပြတင်းပေါက်တွေ ပိတ်ထားဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။

မီးလောင်ချိန်မှာ အိုရှန်းနား ရေပန်းဥယျာဉ်မှာ ဧည့်သည်တွေ ရှိမနေခဲ့ဘူးလို့ ပန်းခြံရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆွီဒင်သတင်းဌာန TT ကို ပြောခဲ့ပါတယ်။

ဂိုသမ်ဘာ့ဂ်မြို့က လီဆေဘာ့ဂ် ပွဲစျေးမှာ နောက်ထပ်အသစ်တခုဖြစ်တဲ့ ဒီဥယျာဉ်ကို အခုနှစ် နှောင်းပိုင်းမှာ ဖွင့်ဖို့ စီစဉ်ထားတာပါ။

အနီးနားက ဟိုတယ်နဲ့ ရုံးခန်းတွေက ဧည့်သည်တွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့တယ်လို့ လီဆေဘာ့ဂ်က သတင်းထုတ်ပြန်ထားပါတယ်။

Source/Photo-Bjorn Larsson Rosvall/TT News Agency/via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013