DVB Logo
Home
နိုင်ငံတကာ
နယူးဒေလီသို့ ချီတက်လာသည့် အိန္ဒိယလယ်သမားများကို ရဲတပ်ဖွဲ့ ပိတ်ဆို့
DVB
·
February 13, 2024
နယူးဒေလီသို့ ချီတက်လာသည့် အိန္ဒိယလယ်သမားများကို ရဲတပ်ဖွဲ့ ပိတ်ဆို့
Donate to DVB

အစိုးရက ကတိပေးခဲ့တဲ့အတိုင်း သီးနှံစျေးကောင်းရဖို့အတွက် ထပ်မံတောင်းဆိုဖို့ နယူးဒေလီကို ချီတက်လာကြတဲ့ အိန္ဒိယလယ်သမားတွေ ရှေ့မဆက်နိုင်အောင် ရဲတပ်ဖွဲ့က လမ်းတွေကို ပိတ်ဆို့ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်တုန်းကလည်း ထောင်နဲ့ချီတဲ့ တောင်သူလယ်သမားတွေဟာ မြို့တော် နယူးဒေလီကို ဦးတည်တဲ့ အမြန်လမ်းမကြီးတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ဖူးပါတယ်။

၂၀၂၁ တုန်းကလို တနှစ်လုံးကြာမြင့်တဲ့ ဆန္ဒပြပွဲကြီးမျိုး ထပ်မဖြစ်စေဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အစိုးရဝန်ကြီးတချို့ဟာ တောင်သူလယ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ဒီချီတက်ဆန္ဒပြပွဲဟာ လက်ရှိဝန်ကြီးချုပ် နာရန်ဒြာမိုဒီပဲ သုံးကြိမ်ဆက်နိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ သန်းနဲ့ချီတဲ့ တောင်သူလယ်သမားတွေဟာ အဓိကကျတဲ့ မဲဆန္ဒရှင် အင်အားစုတရပ်ဖြစ်ပြီး နိုင်ငံရေးပါတီတွေဟာ လယ်သမားတွေ ကိုယ့်ဘက်မှာရှိဖို့ အထူးဂရုစိုက်လေ့ ရှိပါတယ်။

ရုပ်သံမြင်ကွင်းတွေမှာတော့ နိုင်ငံမြောက်ပိုင်း ဆန်အိုးကြီးဒေသလို့ ဆိုနိုင်တဲ့ ပန်ဂျပ်ပြည်နယ်နဲ့ ဟာယာနာပြည်နယ်က လယ်သမားတွေ လယ်ထွန်စက်တွေ မောင်းနှင်ပြီး နယူးဒေလီကို ချီတက်လာကြပုံတွေ မြင်တွေ့ရပါတယ်။

တဖက်မှာလည်း သံဆူးကြိုးတွေ၊ ဘိလပ်မြေတုံးတွေ ချပြီး သူတို့ချီတက်မယ့် လမ်းကြောင်းကို ရဲတပ်ဖွဲ့က ဟန့်တားနေကြပါတယ်။

ဒေလီမှာလည်း လူစုလူဝေးလုပ်တာကို တားမြစ်မိန့် ထုတ်ထားပါတယ်။

အစိုးရရဲ့ လယ်သမားဝင်ငွေ နှစ်ဆတိုးရမယ်ဆိုတဲ့ ကတိအတိုင်း ဖြစ်လာအောင် အထောက်အပံ့တွေ ပိုပေးဖို့၊ သီးနှံစျေးနှုန်း အာမခံချက်ပေးဖို့ သမဂ္ဂတွေက ဦးဆောင် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Adnan Abidi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013