DVB Logo
Home
နိုင်ငံတကာ
ရီပတ်ဘလစ်ကန်ပါတီ ကော်မတီ ဥက္ကဋ္ဌနေရာအတွက် ချွေးမဖြစ်သူကို ထရမ့် အဆိုပြု
DVB
·
February 13, 2024
ရီပတ်ဘလစ်ကန်ပါတီ ကော်မတီ ဥက္ကဋ္ဌနေရာအတွက် ချွေးမဖြစ်သူကို ထရမ့် အဆိုပြု
Donate to DVB

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အခြေအနေကောင်းနေတဲ့ ဒေါ်နယ်ထရမ့်က သူ့ချွေးမဖြစ်သူကို ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာကော်မတီ (RNC) ရဲ့ ဥက္ကဋ္ဌနေရာအတွက် အဆိုပြုထားတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ထရမ့်က ချွေးမဖြစ်သူ လာရာထရမ့်နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ပါတီကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဝှပ်တလေတို့ နှစ်ယောက်စလုံးကို RNC ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ထောက်ခံတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပါတီစည်းမျဉ်းအရ အမျိုးသားတဦး၊ အမျိုးသမီးတဦး တို့ဟာ RNC ပူးတွဲဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ RNC လက်ရှိခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်လို့ စိတ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။

လက်ရှိဥက္ကဋ္ဌ ရွန်နာမက်ဒန်နီယယ်လ်ဟာ ဖေဖော်ဝါရီ ၂၄ ရက် တောင်ကာရိုလိုင်းနားပြည်နယ် အကြိုရွေးကောက်ပွဲပြီးရင် ရာထူးက ထွက်ပေးနိုင်တယ်လို့လည်း အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာကော်မတီ (RNC) ဆိုတာက ပါတီရန်ပုံငွေနဲ့ စည်းရုံးရေးကိစ္စကို အဓိကတာဝန်ယူရတဲ့အဖွဲ့ ဖြစ်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်မှုပိုင်းမှာ တာဝန်မရှိပေမဲ့ ပါတီလုပ်ငန်းပိုင်းကို အဓိက တာဝန်ယူရတာ ဖြစ်ပါတယ်။

ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အခြေအနေကောင်းနေသလို ပါတီမူဝါဒပိုင်းမှာ အများကြီး လွှမ်းမိုးမှုရှိနေတဲ့ ထရမ့်ရဲ့ သဘောထားက RNC အဖွဲ့ဝင်တွေအပေါ် အများကြီး လွှမ်းမိုးမှုရှိပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013