DVB Logo
Home
အားကစား
ဂျပန်ကြယ်ပွင့်ကစားသမား ကူဘို ဆိုစီဒက်အသင်းနှင့် ကာလရှည်စာချုပ် ချုပ်ဆို
DVB
·
February 13, 2024
ဂျပန်ကြယ်ပွင့်ကစားသမား ကူဘို ဆိုစီဒက်အသင်းနှင့် ကာလရှည်စာချုပ် ချုပ်ဆို
Donate to DVB

ဂျပန်ကြယ်ပွင့်ကစားသမား တာကီဖူဆာ ကူဘိုဟာ ဆိုစီဒက်အသင်းနဲ့ ကာရှည်စာချုပ် ချုပ်ဆို လိုက်ပြီဖြစ်ပါတယ်။

ကူဘိုရဲ့ တိုးတက်လာတဲ့ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်ကလပ်တွေအပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေချိန်မှာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။

အသက် ၂၂ နှစ်ရှိ တောင်ပံတိုက်စစ်ကစားသမားကို ၂၀၂၈-၂၀၂၉ ရာသီအထိ စာချုပ်သက်တမ်းတိုး နိုင်ခဲ့ကြောင်း ဆိုစီဒက်အသင်းဘက်က အတည်ပြုထုတ်ပြန်ပါတယ်။

ကူဘိုဟာ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကနေထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပေမဲ့ ပြိုင်ပွဲအဆင့်ပွဲစဉ်တွေ ကစားခွင့်မရခဲ့ ဘဲ အငှားစာချုပ်တွေနဲ့သာ ကစားခဲ့ရတာပါ။ 

မာယော့ကာ၊ ဗီလာရီးယဲလ်နဲ့ ဂီတာဖေးအသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်ကမှ ဆိုစီဒက်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာပါ။

ကူဘိုဟာ ဆိုစီဒက်နဲ့ ၇၁ ပွဲမှာ ၁၅ ဂိုးသွင်းယူထားပါတယ်။ ဆိုစီဒက်အသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013