DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် စကခ ၁၉၊ ခလရ ၆၁ နှင့် ထွေအုပ်ရုံးတို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
February 12, 2024
ရေးမြို့နယ် စကခ ၁၉၊ ခလရ ၆၁ နှင့် ထွေအုပ်ရုံးတို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်ကောင်စီအခြေစိုက် ခလရ ၆၁ နဲ့ စကခ ၁၉ တို့ကို ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှ စောဒါးကိုက ဒီဗွီဘီကို ပြောပါတယ်။

"စကခ ၁၉၊ ခလရ ၆၁ ကိုရော၊ ရေးမြို့ ထွေအုပ်ရုံးကိုရော ဒရုန်းနဲ့ ချထားတယ်။ တည့်တည့်ကျလို့ ထိခိုက်မှုတွေရှိတယ်။ စကစ တွေက တော်လှန်ရေးရဲဘော်တွေရှိတဲ့ဘက်ကို ညတိုင်း ၁၂၀ မမ ဗုံးသီးတွေနဲ့ ညတိုင်းပစ်တာ ၄ ရက်ရှိပြီ။ ရွာထဲအထိ ၁၂၀ ဗုံးသီး ပစ်ထည့်လို့ အိမ်တွေရော  ရွာသားပါ ထိခိုက်မှုတွေရှိတယ်။ စကခ ၁၉၊ ခလရ ၆၁ ကိုရော ရေးမြို့က တွေအုပ်ရဲစခန်းနဲ့ စစ်တပ်ဒေါက်တိုင်မှန်သမျှကို ချေမှုန်းတိုက်ခိုက်သွားမယ်။"

ဒေသခံတဦးက "စစ်တပ်ရှေ့နားမှာ စကခ ၁၉ နဲ့ ခလရ ၆၁ က ကပ်လျက်ပါ။ တပ်ရင်း ၂ ခုက အထဲဘက်မှာ ဗုံးသီးပေါက်ကွဲသံ ၂ ချက် အရင်ကြားရတယ်။ တပြိုင်နက်တည်း လက်နက်ငယ်နဲ့ တရစပ် ပစ်ခတ်သံပါ ထပ်မံကြားရပြီး စစ်တပ်အရှေ့ကားလမ်းမကို ဘယ်သူ့မှမသွားလာရဲကြဘူး။ ညနေ ၄ နာရီကျော်မှာ မြို့နယ်အထွေအုပ်ရုံး ထပ်မံ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အခုရက်တွေမှာ ကျုံလောင်းရွာဟောင်း၊ ဝယ်ဇင်၊ ဝယ်ပေါင်၊ ကမ်းနီးကိုင်းတောတွေဘက်ကို PDF တွေ ခိုအောင်းနေတယ်ဆိုပြီး နေ့စဥ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ရေး စကခ ၁၉ ကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် ကျုံလောင်းရွာဟောင်းမှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ရွာဟောင်းက အမျိုးသမီးဟာ  လက်ကိုထိတယ်။ ရွာဟောင်းက လူတွေ ရွာမှာ မနေရဲကြတော့ဘူး။ စစ်တပ်ဘက်က လက်နက်ကြီးပစ်နေတာ နေ့ရောညပါ။ နေ့တိုင်းလိုလို ပစ်နေတော့ ရွာကနေ ဘေးလွတ်ရာကို ပြေးကြကုန်ပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ရာဘာခြံတွေထဲလည်း ကျရောက်တာကြောင့်  ရာဘာအစေးခြစ်သမားတွေလည်း ညဘက်ထွက်ပြီး မလုပ်ရဲတော့ဘဲ အစေးခြစ်အလုပ်ပါ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013