DVB Logo
Home
မြန်မာသတင်း
NUG အစိုးရထံ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP က ပထမဆုံးအကြိမ် ပြည်ထောင်စုနေ့ သဝဏ်လွှာပေးပို့
DVB
·
February 12, 2024
NUG အစိုးရထံ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP က ပထမဆုံးအကြိမ် ပြည်ထောင်စုနေ့ သဝဏ်လွှာပေးပို့
Donate to DVB

၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၂ ရက်မှာကျင်းပရာမှာ  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ပထမဆုံးအကြိမ် သဝဏ်လွှာပေးပို့လာပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့နဲ့အတူ ပူးပေါင်းပြီး SSPP က အခုလိုပေးပို့လာတာလည်းဖြစ်ပါတယ်။

SSPP အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရကို ပထမဆုံးအကြိမ်ပေးပို့လာတဲ့ သဝဏ်လွှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့တော့ SSPPခေါင်းဆောင်တွေကို  ဖုန်းနဲ့ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

သဝဏ်လွှာထဲမှာတော့ ပြည်သူတရပ်လုံးဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ် မှန်သမျှကို တွန်းလှန်ချေမှုန်းပြီး အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြတဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံသဘောတူညီချက်တွေကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

ပင်လုံစာချုပ်ချုပ်ဆိုတဲ့ နှစ်ပတ်လည်အခမ်းအနားကနေ တန်းတူညီတူပူးပေါင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်ဖို့ကိုလည်း ဆန္ဒပြုတယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013