DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ သတင်းထောက်ဟောင်း အပါအဝင် အရပ်သား ၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
DVB
·
February 12, 2024
ဒီဗွီဘီ သတင်းထောက်ဟောင်း အပါအဝင် အရပ်သား ၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီသတင်းထောက်ဟောင်း တယောက်အပါအဝင် ရခိုင်ပြည်နယ်ရှိ အရပ်သား ၉ ယောက်ကို စစ်ကောင်စီတပ်က အချုပ်ခန်းထဲမှာ ပစ်သတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၇၈ တပ်ရင်းနဲ့ မင်းပြားအခြေစိုက် ခမရ ၃၇၉ တို့က ကျူးလွန်ခဲ့တာဖြစ်ပြီး  ကျူးလွန်သူတွေ ပြစ်ဒဏ်ခံရလိမ့်မယ်လို့ အေအေသတင်းနဲ့ ပြန်ကြားရေးက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။ 

ဒီဗွီဘီနဲ့ တခြားပြည်တွင်းသတင်းဌာနတချို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟနဲ့ လူမှုကွန်ရက်မှာ လူသိများသူ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ နောက်ထပ် ရခိုင်ဒေသခံပြည်သူတွေဖြစ်တဲ့ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်နဲ့ ကိုပြည့်စုံဝင်းတို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီလောက်က ခမရ ၃၇၈ တပ်ရင်း အချုပ်ခန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်က ရက်ရက်စက်စက် မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရုပ်အလောင်းတွေကို ၃၇၈ တပ်ရင်းဆေးရုံနားက ဗုံးခိုကျင်းထဲမှာ မြှုပ်ပြီး အလောင်းဖျောက်ဖျက်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မင်းပြားအခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၉ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာလည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရသေ့တောင်မြိုနယ်က ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနဲ့ မင်းပြားမြို့နယ်က ဦးကျော်ညွန့်တို့ကို ဇန်နဝါရီ ၁၉ ရက်နေ့၊  ညနေ ၃ နာရီ ၄၅ မိနစ်လောက်က ခမရ ၃၇၉ အချုပ်ခန်းထဲမှာ မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ရခိုင်ဒေသက အရပ်သားတွေနေတဲ့ မြို့ရွာနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ဓားစာခံ လူသားဒိုင်း အဖြစ် အသုံးပြုတာ၊ မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သားတွေကို သတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်တွေကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ပေးပြီး ကျူးလွန်ခံရတဲ့ကာယကံရှင်နဲ့ မိသားစုတွေအတွက် တရားမျှတမှု ရရှိအောင် ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013