DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် MOU စာချုပ်ဖြင့်လာသည့် မြန်မာအလုပ်သမား ၁၁ ဦး အလုပ်မရဘဲ အခက်ကြုံ
DVB
·
February 12, 2024
ထိုင်းတွင် MOU စာချုပ်ဖြင့်လာသည့် မြန်မာအလုပ်သမား ၁၁ ဦး အလုပ်မရဘဲ အခက်ကြုံ
Donate to DVB

ထိုင်း‌နိုင်ငံ၊ နကော့ပထုံမြို့ စီစန်ဖမ်းကို ရောက်နေတဲ့ မြန်မာ MOU အလုပ်သမား ၁၁ ဦးဟာ အေဂျင်စီရဲ့ တာဝန်မဲ့မှုကြောင့် အလုပ်မရဘဲ  နေထိုင်ရေးနဲ့ စားရေးသောက်ရေး အခက်အခဲနဲ့ ကြုံတွေ့ နေတယ်လို့ အလုပ်သမားတွေနဲ့ WAG အဖွဲ့ကနေ သိရပါတယ်။

မြန်မာအလုပ်သမား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ဟာ ချောင်ဘူရီရှိ SENNIOS တာယာပေါင်းစက်ရုံမှာ အလုပ်လုပ်ဖို့ သိန်း ၄၀ ခန့် အကုန်ကျခံပြီး မြန်မာနိုင်ငံက SMZ ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုကာ ဒီဇင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

မြန်မာအလုပ်သမား ၁၁ ဦးဟာ ထိုင်းနိုင်ငံရောက်ရှိပြီး ၂ လနီးပါးကြာတဲ့အထိ အလုပ်တခုမှ မလုပ်ရဘဲ စမတ်ကြေးဆိုပြီး ဘတ် ၅၅,၀၀၀‌ တောင်းသွားတဲ့အပြင် ကိုယ့်စရိတ်နဲ့ကိုယ် နေထိုင်စားသောက်နေရတာကြောင့် အခက်အခဲများစွာ ရှိနေတယ်လို့ အလုပ်သမားတဦးဖြစ်သူ မဝေဝေလှိုင်က ပြောပါတယ်။

“ဒီကိုရောက်ပြီးကတည်းက အလုပ်မလုပ်ရသေးတော့ စားဝတ်နေရေး ခက်ခဲ‌တာတွေတော့ ရှိပါတယ်။ အခန်းပိုင်ရှင်က အခန်းခလာတောင်းတော့ ညီမတို့မှာ အလုပ်လည်းမရှိသေး၊ စမတ်ကြေးလည်း ပြန်မရသေးလို့ ခဏစောင့်ပါဦးလို့ တောင်းပန်ထားရတယ်။ အစားအသောက်ကလည်း ၁၁ ယောက်လုံး ရှိတာလေးနဲ့ မျှပြီး စားသောက်နေရတယ်။ အေဂျင်စီကို‌ ဆက်သွယ်ခဲ့လည်း စာတောင်မပြန်ပါဘူး။”

အလုပ်သမားတွေဟာ အေဂျင်စီကို ဖြေ‌ရှင်းခိုင်းပေမဲ့ မဖြေရှင်းပေးတာကြောင့် WAG မြန်မာအလုပ်သမား ကူညီစောင့်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “အလုပ်သမားတွေက MOU နဲ့ တရားဝင်လာတာကို စမတ်ခ တယောက် ၅,၀၀၀ တောင်းတာ လုံးဝမဖြစ်သင့်ဘူး။ နောက်ပြီး အလုပ်သမားတွေကို အလုပ်မရှိပဲ ဒီတိုင်းပစ်ထားခဲ့တယ်။ အလုပ်သမားတွေက ဒီကိုရောက်ပြီးတည်းက အလုပ်မရှိဘဲ ဟိုနားလိုက်ထား ဒီနားလိုက်ထားနဲ့။ ပြီးတော့ ပစ်ထားခဲ့တာက တာဝန်မဲ့တဲ့လုပ်ရပ်ပါပဲ” လို့ ပြောပါတယ်။

WAG အဖွဲ့အနေနဲ့ အလုပ်သမားတွေ အခွင့်အရေး ပြန်လည်ရရှိဖို့အတွက် အလုပ်သမားတွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ အာဏာပိုင်ရုံးတွေမှာ တိုင်ကြားပြီး ဆောင်ရွက်ပေးနေပါတယ်။

MOU မြန်မာအလုပ်သမား ၁၁ ဦး ထိုင်းကိုရောက်ပြီး ၂ လနီးပါးကြာတဲ့အထိ အလုပ်မရှိလို့ စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲ ဖြစ်တာနဲ့ ပတ်သက်ပြီး SMZ အေဂျင်စီကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အလားတူ ဖူးခက်မြို့မှာ MOU နဲ့ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၅ ဦးဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ရက် ၂၀ ကျော်ကြာ အလုပ်မဆင်းရတာကြောင့် စားဝတ်နေရေး ခက်ခဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013