DVB Logo
Home
နိုင်ငံတကာ
သမ္မတဖြစ်ပါက ရွှေ့ပြောင်းအခြေချသူများကို အကြီးအကျယ်နှင်ထုတ်မည်ဟု ဒေါ်နယ်ထရမ့် ကြိမ်းဝါး
DVB
·
February 12, 2024
သမ္မတဖြစ်ပါက ရွှေ့ပြောင်းအခြေချသူများကို အကြီးအကျယ်နှင်ထုတ်မည်ဟု ဒေါ်နယ်ထရမ့် ကြိမ်းဝါး
Donate to DVB

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့ ဒေါ်နယ်ထရမ့်က သူသာသမ္မတပြန်ဖြစ်ရင် သမိုင်းမှာ အကြီးကျယ်ဆုံး ရွှေ့ပြောင်းအခြေချသူ နှင်ထုတ်မှုကြီး လုပ်ဆောင်သွားမယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။

“တနေ့ကျရင် ဘိုင်ဒင်အစိုးရလက်ထက်က ဖွင့်ထားတဲ့ နယ်စပ်တိုင်းကို ပိတ်ပစ်မှာ။ ပြီးရင် အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး ပြည်တွင်းကနှင်ထုတ်မှုကြီး စလုပ်မှာ” လို့ ထရမ့်က တောင်ကာရိုးလိုင်းနားပြည်နယ်၊ ကွန်းဝေးမှာ မဲဆွယ်ချိန် ပြောသွားခဲ့ပါတယ်။

ဒီလိုပြောလိုက်တဲ့အချိန်မှာ အောက်ကလူအုပ်ကြီးကလည်း ကောင်းချီးဩဘာ ပေးကြပါတယ်။

“လူညစ် ဂျိုးဘိုင်ဒင်ရဲ့ ဘေးသင့်မယ့် နယ်စပ်တံခါးဖွင့်ဥပဒေကြမ်းကို ကျုပ်တို့ ဖျက်ဆီးလိုက်ပြီ” လို့လည်း ထရမ့်က ထည့်ပြောသွားပါတယ်။

ဒါပေမဲ့ ဥပဒေကြမ်းဟာ ရွှေ့ပြောင်းတွေ အလုံးအရင်းနဲ့ဝင်လာတာ တားဆီးနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ အစိုးရကို ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘိုင်ဒင်လက်ထက်မှာ ဒါမျိုးဥပဒေပြဋ္ဌာန်းနိုင်မှာကို မလိုလားတဲ့ ထရမ့်က ရီပတ်ဘလစ်ကန်အမတ်တွေ ဒီဥပဒေကြမ်းကို ဆန့်ကျင်ကြဖို့ ဆော်ဩခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကြောင့် လူသန်းနဲ့ချီပြီး အမေရိကန်ထဲကို တရားမဝင် ဝင်လာနိုင်လိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။

တကယ်တမ်းမှာတော့ ဒီဥပဒေကြောင့် နယ်စပ်မှာ ခိုလှုံခွင့်တောင်းခံဖို့ ခက်ခဲသွားမှာဖြစ်ပြီး ရွှေ့ပြောင်းဝင်ရောက်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013