DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့နယ်၌ စစ်ကောင်စီတပ်က လိုင်းကြေးယူပြီး လောင်းကစားဝိုင်းများ လုပ်ခွင့်ပေး
DVB
·
February 12, 2024
မအူပင်မြို့နယ်၌ စစ်ကောင်စီတပ်က လိုင်းကြေးယူပြီး လောင်းကစားဝိုင်းများ လုပ်ခွင့်ပေး
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ၅ ရက်ကို ငွေကျပ်  ၅ သိန်း လိုင်းကြေးယူပြီး တရားမဝင် လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်တင်တင် လုပ်ခွင့်ပြုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မအူပင်မြို့နယ်ထဲက ငါးကြီးဂရက်၊ အလန်း၊ ရေလဲကလေး၊ ရေလဲကြီး၊ ရွှေတောင်မှော် စတဲ့ကျေးရွာတွေနဲ့ ဆင်းခြေဖုံးရပ်ကွက်တွေမှာ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ခြောက်ကောင်ဝိုင်းနဲ့ ၂ လုံးထီ စတဲ့ တရားမဝင် လောင်းကစားတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက တရားဝင်ပုံစံ ပေါ်ပေါ်တင်တင် လုပ်ကိုင်ခွင့်ပြုထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်‌ဒေသခံတယောက်က “လောင်းကစားဝိုင်းတွေလုပ်ဖို့ ခွင့်ပြုထားပေးဖို့ ၅ ရက်တကြိမ် ငွေ ၅ သိန်း ပေးလုပ်ရတာတဲ့။ တပ်နဲ့ရဲတွေ မျှယူတာတဲ့၊ ကျေးရွာက တာဝန်ရှိသူတွေက အပိုင်နယ်မြေရဲစခန်းတွေကနေတဆင့် ပိုက်ဆံပေးပြီး လိုင်းကြေးပေးပြီးတော့ လုပ်တာ။ ဖမ်းဆီးနှိမ်နင်းရမယ့် အဖွဲ့အစည်းတွေက ဦးဆောင်လုပ်နေတာ။ လောင်းကစားဝိုင်းတွေက ဖမ်းဆီးပေးရမယ့်သူတွေက တရားဝင်ပုံစံ ပေါ်ပေါ်တင်တင် ခွင့်ပြုထားတော့ ဘယ်သူမှ ဂရုမစိုက်ဘဲကို ချနေတာ” လို့ ပြောပါတယ်။

အဲ့ဒီလို လောင်းကစားတွေ ပေါ်ပေါ်တင်တင် တရားဝင်ပုံစံ လုပ်ခွင့်ပြုထားတာကြောင့် ဒေသခံ အရပ်သား ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေနဲ့ ကျောင်းသား လူငယ်တွေပါ လောင်းကစားဘက်ပါလာပြီး လူမှုရေးပြဿနာတွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်မြို့နယ်နေ ရပ်မိရပ်ဖ တယောက်က “အခု ကျောင်းသားလူငယ်တွေကအစ ကျောင်းဆင်းရင် လောင်းကစားဝိုင်း ရောက်နေတယ်။ နောက်ပိုင်းကျရင် ကျောင်းမတက်ဘဲ လောင်းကစားတွေပဲ လုပ်တတ်လာတော့မယ်။ ဒေသမှာလည်း ခိုးဆိုး လုယက်တာတွေလည်း မကြာခဏ ဖြစ်လာတယ်။ ဒါတွေရဲ့ အဓိကဇာစ်မြစ်က ဒီလောင်းကစားဝိုင်းတွေကြောင့်ပါ” လို့ ပြောပါတယ်။

လူငယ်လူရွယ်တွေက လောင်းကစားဝိုင်းတွေကို အရင်ကထက် ပိုမိုစိတ်ဝင်စားမှု အားကောင်းလာတာ တွေ့နေရပြီး လောင်းကစားကြွေး တင်နေတာကြောင့် အိမ်ဝိုင်းပေါင်ရတာနဲ့ ရောင်းလိုက်ရတာကြောင့် နေစရာမရှိဖြစ်လာ၊ လုပ်နေတဲ့ လယ်ယာမြေတွေကို ရောင်းရတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ မကြာခဏ လုယက် သတ်ဖြတ်တာတွေ ဖြစ်ပွားလာတာ စတဲ့ လူမှုရေးပြဿနာတွေ နေ့စဉ်နီးပါး ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ မိသားစုတွေက လောင်းကစားဝိုင်းလုပ်တဲ့ နေရာအနီးမှာ အရက်၊ ဘီယာ မျိုးစုံနဲ့ ငှက်ကြော်၊ ကြက်ကြော်၊ လက်ဖက်ရည်၊ ထမင်းကြော်၊ စီးကရက်နဲ့ လောင်းကစားပစ္စည်းတွေလည်း ရောင်းချနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013