DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံပြန်တက်
DVB
·
February 12, 2024
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံပြန်တက်
Donate to DVB

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်မှာ “ဆီးအိမ်ပြဿနာ” ရှိနေတာကြောင့် ကုသမှုခံယူဖို့ ဝါရှင်တန်မှာ ဇန်နဝါရီ ၁၁ ရက်က ဆေးရုံတင်လိုက်တယ်လို့ ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ အော်စတင်ရဲ့ တာဝန်တွေကို ဒုတိယကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်ခ် ထံကို လွှဲအပ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

အော်စတင်ဟာ ကင်ဆာကုသမှုခံယူတာနဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း ဆေးရုံတက်ခဲ့ရတဲ့ အခြေအနေတွေကို သမ္မတ ဂျိုးဘိုင်ဒင်ကိုတောင် ချက်ချင်းအသိမပေးဘဲ တိုးတိုးတိတ်တိတ် လုပ်ခဲ့တာကြောင့် ရီပတ်ဘလစ်ကန်ရော ဒီမိုကရက် အမတ်တွေကပါ ဝေဖန်ခဲ့ကြပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဆိုရင် အော်စတင်ကို ရာထူးက ဖြုတ်ပစ်ဖို့ပါ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒင်ကတော့ အော်စတင် အပေါ်မှာ ယုံကြည်မှုရှိနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

ဒီတခါ ဆေးရုံထပ်တက်ရချိန်မှာတော့ အော်စတင်ဘက်က ချက်ချင်းထုတ်ပြန်ပေးတဲ့အပြင် ဒုဝန်ကြီးကိုပါ တာဝန် တရားဝင်လွှဲသွားတာ ဖြစ်ပါတယ်။

ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်း အော်စတင်ဟာ အီရတ်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ခဲ့ဖူးသူ ဖြစ်သလို ပထမဆုံး လူမည်းကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

ပထမအကြိမ် ဆေးရုံတက်ရစဉ်က ထိန်ချန်ထားခဲ့မှုအတွက် ပင်တဂွန်စစ်ဌာနချုပ်ကရော အောက်လွှတ်တော် စစ်ဘက်ရေးရာ ကော်မတီကပါ အော်စတင်ကို စစ်ဆေးနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013